မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်ရန် ကုမ္ပဏီ နှစ်နေရာ တင်ဒါ ခေါ်ယူ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍ တွင် ဝင်ရောက် လုပ်ကိုင်မည့် ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီ များကို ဇန်နဝါရီလ ၁၅ ရက် နေ့မှ စတင်၍ တင်ဒါ ခေါ်ယူ လိုက်ပြီး ယခုလ ၂၅ ရက်နေ့ နောက်ဆုံး ထားပြီး လုပ်ငန်း လိုင်စင် လျှောက်ထား နိုင်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီး ဌာနမှ ကြေညာ သည်။

ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများ အနေဖြင့် ပြည်တွင်း ဆက်သွယ်ရေး ဈေးကွက် အတွင်း လုပ်ငန်း ယှဉ်ပြိုင် လုပ်ကိုင်ခွင့် ရရှိရန် အတွက် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီး ဌာန ထံတွင် တင်ဒါ လျှောက်ထား ရမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောကြား သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို အသွင် ပြောင်းလဲ လုပ်ကိုင် စေမည့် မြန်မာ တယ်လီကွန် နှင့် ရတနာပုံ တယ်လီကွန် တို့က အလို အလျောက် လုပ်ကိုင်ခွင့် ရှိမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီး ဌာနက ပြီးခဲ့သော နှစ်မှ စတင်၍ ကြိုတင် ကြေညာ ထားပြီး ကျန် နှစ်နေရာ ကို ယခု လိုင်စင် လျှောက်ထားမည့် ကုမ္ပဏီ များထဲမှ ရွေးချယ်မည် ဖြစ်သည်။

ပြည်တွင်း တယ်လီဖုန်း သိပ်သည်းဆ ကို ၂၀၁၅ - ၁၆ တွင် ၇၅ မှ ၈၀ ရာခိုင်နှုန်း အထိ တိုးမြှင့် နိုင်ရန်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု များကို အများ ပြည်သူ လက်ခံ နိုင်သော သက်သာ သော ဈေးနှုန်း ဖြင့် ရရှိ နိုင်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက် တွင် ပါရှိ သည်။

လက်ရှိ အချိန်တွင် ပြည်တွင်း တွင် မိုဘိုင်းဖုန်း အသုံးပြု သူ အရေအတွက် ငါးသန်းကျော် ရှိနေပြီး တယ်လီဖုန်း သိပ်သည်းဆ မှာ ၁၀ ရာခိုင်နှုန်း ခန့်သာ ရှိသေးပြီး အိမ်နီးချင်း နိုင်ငံ များနှင့် နှိုင်းယှဉ် ပါက အလွန် နည်းပါး နေသေးကြောင်း ကွန်ပျူတာ ပညာရှင် တစ်ဦး ဖြစ်သူ ကိုဇော်ဇော်က ပြောကြား သည်။


SHARE THIS
Previous Post
Next Post