Samsung
သည် ၎င်း၏ထုတ်ကုန် Galaxy S စမတ်ဖုန်းများကို ရောင်းချရမှုမှာ သန်း ၁၀၀
ကျော်လွန်သွားပြီဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာသည်။ Samsung Galaxy S
စမတ်ဖုန်းအမျိုးအစားကို ၂၀၁၀ ခုနှစ်က စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။
Galaxy S စမတ်ဖုန်းများ ရောင်းချရမှု အလုံးရေ သန်း ၁၀၀ ကျော်သို့ ရောက်ရှိသည့် အမှတ်တရ ဓာတ်ပုံများကို Samsung က ၎င်း၏ Flickr စာမျက်နှာတွင် လွှင့်တင်ခဲ့ကြောင်း Los Angeles Times သတင်းက ပြောကြားသည်။