ရက္ခိတဖောင်ဒေးရှင်း (မလေးရှား) မှ ခြေတုတပ်ဆင်ရန်လှူဒါန်း

--------------------------------------------------------------
မလေးရှားနိုင်ငံရောက်ရခိုင်မျိုးချစ်များဖြင့်ဖွဲ့စည်းထားသော ရက္ခိတဖောင်ဒေးရှင်းသည် ၂၀၁၂ အောက်တိုဘာလ၊ မြောက်ဦးမြို့နယ် အရေးအခင်းအတွင်း ကျည်ဆံထိမှန်ကာ ခြေထောက်တစ်ဖက်ဖြတ်လိုက်ရသော ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာမှ ကိုညို့အောင်၊(ဘ) ဦးအောင်ကျော်သာ၊ အသက် (၂၈)နှစ်၊ အတွက် ခြေထောက်အတု တပ်ဆင်နိုင်ရန် အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း) ကျပ်တိတိကို ဝံလက်ဖောင်ဒေးရှင်းမှတစ်ဆင့် လှူဒါန်းခဲ့ပါသည်။ ကိုညို့အောင်တွင် ဇနီး မအေးမေ နှင့် တစ်နှစ်အရွယ် သမီးကလေး မဖြိုးအိခိုင်တို့ရှိပြီး ကြုံရာကျပန်း အလုပ်ကို လုပ်ကိုင်သူဖြစ်သည်။ ယခုအခါ ကိုညို့အောင်မှာ ရန်ကုန်သို့ရောက်ရှိနေပြီး သမိုင်း၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ပြန်လည်သန်စွမ်းရေးဆေးရုံတွင် ခြေတုတပ်ဆင်ရမည်ဖြစ်သည်။ ကျောက်တော်မြို့နယ်အသင်းမှ လိုက်ပါကူညီနေကြောင်းသိရှိရပါသည်။ ၄င်း၏ ခြေတုတပ်ဆင်ရေးအတွက် ဝံလက်ဖောင်ဒေးရှင်းမှလည်း အလှူငွေတစ်သိန်းကျပ်ကို သီးခြား ပေးအပ်လှူဒါန်းခဲ့ပါသည်။

SHARE THIS
Previous Post
Next Post