တံတားဦးဟိုတယ်ဇုန်တွင် နိုင်ငံခြား ကုမ္ပဏီများမှဟိုတယ်အလုံးပေါင်း ၁၀၀ အထိ ရင်းနှီးမြှုပ်နှံခွင့်ပြုရန် စီစဉ်

Sunday, January 27, 2013

မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် တံတားဦး
ဟိုတယ်ဇုန်တွင် နိုင်ငံခြားကုမ္ပဏီများအား ဟိုတယ်အလုံးပေါင်း ၁၀၀ အထိ မြှုပ်နှံခွင့်ပြုမည်ဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များအား ၁၉၂ လုံး မြှုပ်နှံခွင့်ပြုရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း
အဖွဲ့ချုပ်မှ ထုတ်ပြန်ထားချက်များအရ သိရသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် ဇန်န၀ါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် Myanmar Industrial Zones and Real Estate Development Forum ၌ တက်ရောက်လာသည့် ကိုရီးယားနှင့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များအား ရှင်းလင်းပြောကြား
ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားကုမ္ပဏီများအနေဖြင့် မြေဧရိယာ ၅၈၄ ဒသမ ၄၁ ဧကပေါ်တွင် ဟိုတယ်အလုံးပေါင်း ၁၀၀ တည်ဆောက်မြှုပ်နှံခွင့် ရရှိမည်ဖြစ်ပြီး
နိုင်ငံသားလုပ်ငန်းရှင်များ အနေဖြင့် ဟိုတယ် ၁၉၂ လုံးကို မြေဧရိယာ ၁၀၁၃ ဒသမ ၇၃ ဧကပေါ်တွင် အကောင်အထည်ဖော် မြှုပ်နှံရမည်ဖြစ်သည်။

တံတားဦးဟိုတယ်ဇုန် စီမံကိန်းမှာ မြေဧရိယာ ၅၄၈၈ ဧကပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၆၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်ထားသည်ဟုလည်း သိရှိရပါသည်။

အဆိုပါစီမံကိန်း၏ ရင်းနှီးတည်ဆောက်သူအဖြစ် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဦးစီးတည်ထောင်ထားသည့် Myanmar Tourism Development Co.,Ltd မှ ရင်းနှီးတည်ဆောက်သူ
(Developer) အဖြစ် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအတွင်း ဟိုတယ်အပြင် Shopping Mall များအား
မြေဧရိယာ ၆၀ ဒသမ ၇၉ ဧကပေါ်တွင် အကောင်အထည်ဖော်မည့် အစီအစဉ်၊ ငွေကြေးဝန်ဆောင်မှုပေးမည့် ဇုန်အား မြေဧရိယာ ၃၂
ဒသမ ၀၃ ဧကပေါ်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းများပါ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

တံတားဦးဟိုတယ်ဇုန် စီမံကိန်းအတွင်း ဂေါက်ကွင်းများပါဝင်မည်
ဖြစ်ပြီး မြေဧရိယာ ၂၈၁ ဧကပေါ်တွင် အကောင်အထည်ဖော်ရန် စီမံထားကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေးအနေဖြင့် ဘတ်စ်ကားလိုင်းများ ထားရှိခြင်း၊ ရထား၊ ကား၊ ဘူတာရုံများအပြင် ဆိပ်ခံတံတားများအတွက် မြေဧရိယာ ၂၀ ဒသမ ၇၂ ဧကပေါ်တွင် အကောင်ထည် ဖော်မည်ဟု သိရသည်။

အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းနှင့် ကျောင်းများကိုပါ တည်ထောင်ရန် အစီအစဉ်ထားရှိပြီး မြေဧရိယာ ၄၇ ဒသမ ၉ ဧကပေါ်တွင် တည်ထောင်မည်ဟု သိရသည်။

ယင်းအပြင် ညဈေး၊ လက်မှုထည်ပစ္စည်း ထုတ်လုပ်မည့်ရွာ၊
ဖျော်ဖြေရေးဇုန်၊ ရေဆိုးသန့်စင်စက်ရုံများကိုပါ ထည့်သွင်း
တည်ဆောက်မည့် စီမံကိန်းဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group

မြေဧရိယာ ၅၄၈၈ ဧကပေါ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၆၀ ကုန်ကျခံတည်ဆောက်မည့် တံတားဦးဟိုတယ်ဇုန်တွင် နိုင်ငံခြား
ကုမ္ပဏီများမှဟိုတယ်အလုံးပေါင်း ၁၀၀ အထိ ရင်းနှီးမြှုပ်နှံခွင့်ပြုရန် စီစဉ်၊ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ၁၉၂ လုံးအထိ မြှုပ်နှံခွင့်
ရရှိမည်ဟု ထုတ်ပြန်
Sunday, January 27, 2013 

မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် တံတားဦး
ဟိုတယ်ဇုန်တွင် နိုင်ငံခြားကုမ္ပဏီများအား ဟိုတယ်အလုံးပေါင်း ၁၀၀ အထိ မြှုပ်နှံခွင့်ပြုမည်ဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များအား ၁၉၂ လုံး မြှုပ်နှံခွင့်ပြုရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း
အဖွဲ့ချုပ်မှ ထုတ်ပြန်ထားချက်များအရ သိရသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် ဇန်န၀ါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် Myanmar Industrial Zones and Real Estate Development Forum ၌ တက်ရောက်လာသည့် ကိုရီးယားနှင့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များအား ရှင်းလင်းပြောကြား
ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားကုမ္ပဏီများအနေဖြင့် မြေဧရိယာ ၅၈၄ ဒသမ ၄၁ ဧကပေါ်တွင် ဟိုတယ်အလုံးပေါင်း ၁၀၀ တည်ဆောက်မြှုပ်နှံခွင့် ရရှိမည်ဖြစ်ပြီး
နိုင်ငံသားလုပ်ငန်းရှင်များ အနေဖြင့် ဟိုတယ် ၁၉၂ လုံးကို မြေဧရိယာ ၁၀၁၃ ဒသမ ၇၃ ဧကပေါ်တွင် အကောင်အထည်ဖော် မြှုပ်နှံရမည်ဖြစ်သည်။

တံတားဦးဟိုတယ်ဇုန် စီမံကိန်းမှာ မြေဧရိယာ ၅၄၈၈ ဧကပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၆၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်ထားသည်ဟုလည်း သိရှိရပါသည်။

အဆိုပါစီမံကိန်း၏ ရင်းနှီးတည်ဆောက်သူအဖြစ် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဦးစီးတည်ထောင်ထားသည့် Myanmar Tourism Development Co.,Ltd မှ ရင်းနှီးတည်ဆောက်သူ 
(Developer) အဖြစ် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအတွင်း ဟိုတယ်အပြင် Shopping Mall များအား
မြေဧရိယာ ၆၀ ဒသမ ၇၉ ဧကပေါ်တွင် အကောင်အထည်ဖော်မည့် အစီအစဉ်၊ ငွေကြေးဝန်ဆောင်မှုပေးမည့် ဇုန်အား မြေဧရိယာ ၃၂
ဒသမ ၀၃ ဧကပေါ်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းများပါ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

တံတားဦးဟိုတယ်ဇုန် စီမံကိန်းအတွင်း ဂေါက်ကွင်းများပါဝင်မည်
ဖြစ်ပြီး မြေဧရိယာ ၂၈၁ ဧကပေါ်တွင် အကောင်အထည်ဖော်ရန် စီမံထားကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေးအနေဖြင့် ဘတ်စ်ကားလိုင်းများ ထားရှိခြင်း၊ ရထား၊ ကား၊ ဘူတာရုံများအပြင် ဆိပ်ခံတံတားများအတွက် မြေဧရိယာ ၂၀ ဒသမ ၇၂ ဧကပေါ်တွင် အကောင်ထည် ဖော်မည်ဟု သိရသည်။ 

အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းနှင့် ကျောင်းများကိုပါ တည်ထောင်ရန် အစီအစဉ်ထားရှိပြီး မြေဧရိယာ ၄၇ ဒသမ ၉ ဧကပေါ်တွင် တည်ထောင်မည်ဟု သိရသည်။

ယင်းအပြင် ညဈေး၊ လက်မှုထည်ပစ္စည်း ထုတ်လုပ်မည့်ရွာ၊
ဖျော်ဖြေရေးဇုန်၊ ရေဆိုးသန့်စင်စက်ရုံများကိုပါ ထည့်သွင်း
တည်ဆောက်မည့် စီမံကိန်းဖြစ်ကြောင်း သိရှိရသည်။           

Eleven Media Group


SHARE THIS
Previous Post
Next Post