လိုင်စင်မဲ့ မော်တော်ယာဉ်မှ လူနှင့်ဆိုင်ကယ်အား ၀င်တိုက်၍ အရေးယူခံရ

တောင်ကြီး ၊ ၂၇-၁-၂၀၁၃

ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်း အမှတ်(၇) အခြေခံ ပညာ အထက်တန်းကျောင်း ရှေ့တွင် ယမန်နေ့ နံနက် ၁၀နာရီခွဲက ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယာဉ်မောင်း စိုင်းနော်ခမ်း ၂၄ နှစ် ၊ ကွန်ဟိန်း နေသူ မောင်းနှင် လာသော လိုင်စင်မဲ့ SURF အမျိုးအစား မော်တော်ယာဉ် မှ ဗိုလ်ချုပ် အောင်ဆန်း လမ်းမကြီး အတိုင်း အရှိန်ပြင်းစွာ မောင်းနှင် လာစဉ် အမှတ်(၇) အခြေခံ ပညာ အထက်တန်းကျောင်း ရှေ့ လမ်းဘေးတွင် မော်တော် ဆိုင်ကယ် ဖြင့် ရပ်နေသော ဦးအောင်စိုး ၄၅ နှစ် ၊ စ၀်စံထွန်း ရပ်ကွက်တွင် နေသူအား ၀င်ရောက် တိုက်မိပြီး လူနှင့် ဆိုင်ကယ် မှာ မော်တော်ယာဉ် နှင့်အတူ ကျောင်းရှေ့ ကလေးကစားကွင်း အတွင်းထိ ချိတ်ပါ သွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အတိုက်ခံ ရသူ ဦးအောင်စိုး မှာ ယာဘက် ခြေထောက် ပြတ် ပြီး ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် စ၀်စံထွန်း ဆေးရုံတွင် တင်ပို့ ဆေးကုသမှု ခံယူလျက် ရှိပြီး မော်တော်ယာဉ် အား မဆင်မခြင် မောင်းနှင်သူ စိုင်းနော်ခမ်းအား တောင်ကြီးမြို့ အမှတ်(၂) ရဲစခန်းမှ (ပ) ၁၉/၂၀၁၃ ၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ-၃၃၈ ၊ သွင်းကုန် / ထုတ်ကုန် ပုဒ်မ-၈ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။
from ပြည်ချစ်သား

SHARE THIS
Previous Post
Next Post