မြန်မာနိုင်ငံတွင် မြေမြှုပ်နှံထားခဲ့သော စပစ်ဖိုင်းယားလေယာဉ်များ ပြန်လည်ရှာဖွေမည့်အဖွဲ့ ဗြိတိန်မှ ရန်ကုန်သို့ ထွက်ခွာ

လန်ဒန်၊ ဇန်န၀ါရီ-၆
 
မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ် နောက်ပိုင်းမြေအောက်၌် မြှုပ်နှံထားခဲ့သည့် ဗြိတိသျှ လုပ်စပစ်ဖိုင်းယားတိုက်
လေယာဉ်များ ရှာဖွေရန် ဗြိတိသျှ စစ်သားဟောင်းတစ်ဦးဖြစ်သူ စတန်လေကွန်မ် ဦးဆောင်သော အဖွဲ့ဝင် ၂၁ ဦးသည်
ရန်ကုန်မြို့သို့ ဦးတည်ထွက်ခွာလာကြောင်း သိရသည်။
၎င်းတို့၏ ထုတ်ဖော်ပြောဆိုချက်အရ ရန်ကုန်ရှိ မင်္ဂလာဒုံလေဆိပ်အနီးတွင် လေယာဉ်စီးရေ ၃၆ စင်းကို ဒုတိယ
ကမ္ဘာစစ်အပြီး မြေမြှုပ်ထားခဲ့သည်ဟု သိရသည်။ ထိုစဉ်က ဂျပန်ကို အနိုင်တိုက်ခဲ့ပြီးနောက် မြန်မာပြည်စစ်မြေပြင်တွင် အောင်ပွဲရခဲ့သော
ဗြိတိသျှတပ်များသည် ၁၉၄၅ တွင် ၄င်းတို့၏ စစ်လေယာဉ်များကို မြေမြှုပ်သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။
လေယာဉ်များကို ရှာဖွေမည့် အဖွဲ့ဝင် မစ္စတာဒေးဗစ်ကန်ဒယ်က ''ကျွန်တော်မျက်မြင်သက်သေအားလုံးကို တွေ့ခဲ့ပြီးပါပြီ။
သူတို့အမှန် ပြောတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ လုံးဝမပျက်မစီးဘဲ ကျန်နေမယ့် လေယာဉ်တွေ ရှာတွေ့မယ်လို့လည်း
ကျွန်တော်ထင်ပါတယ်'' ဟု ပြောသည်။
ထိုင်ခုံ တစ်လုံးသာ ပါဝင်သော ယင်းတိုက်လေယာဉ်များသည် ဗြိတိသျှသမိုင်းတွင် နာမည်ကျော် တိုက်လေယာဉ်များဖြစ်ပြီး
၁၉၄၀ ပြည့်နှစ်တွင် ဂျာမန်တပ်များနှင့် ဗြိတိသျှတို့ တိုက်ခိုက်ရာ၌ အဆုံးအဖြတ် ပေးနိုင်သည့် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုလေ
ယာဉ်များကို မင်္ဂလာဒုံတွင် စစ်နိုင်ပြီးနောက် အမေရိကန်အင်ဂျင်နီယာများက မြေအောက်၌ သေချာသိမ်းဆည်းမြုပ်နှံခဲ့ကြောင်း
သိရသည်။ လေယာဉ်များ ဤသို့ တူးဖော်ရေးကိစ္စကို မြန်မာနိုင်ငံသို့ ယမန်နှစ်က လာရောက်ခဲ့သော ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက
မြန်မာသမ္မတနှင့် ဆွေးနွေးခဲ့သည်။ ယခု မစ္စတာကန်ဒယ်၏ လေယာဉ်ရှာဖွေရေး အစီအစဉ်ကို War Gaming.com, JCB နှင့် ဂျက်ရွာလင့်ရိုဗာ
ကုမ္ပဏီများက ငွေကြေးထောက်ပံ့ထားကြောင်း သိရသည်။
- Reuters

SHARE THIS
Previous Post
Next Post