iOS 6.1 တွင် Jailbreak မရရန် Apple စီစဉ်

Apple က နောက်ထပ် ထပ်မံ ထုတ်ပေးလာမယ့် iOS 6.1 မှာ လွယ်လွယ်နဲ့  Jailbreak လုပ်လို့  မရနိုင်အောင် တိုးမြှင့်လုပ်ဆောင်နေကြောင်း Hacker တစ်ဦးဖြစ်သူ "i0n1c" ထံမှ သတင်းရရှိပါတယ်။

 
ဒီသတင်းကတော့ Apple ရဲ့  Device များကို Jailbreak လုပ်ပြီးမှ သုံးရတာ ပိုမိုအားရကြတဲ့ သူများအတွက် ကတော့ သတင်းဆိုး တစ်ခုပါပဲ...

iOS 4.3.2 ကို Untethered Jailbreak လုပ်ဆောင်ရာမှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ "i0n1c" က သူရဲ့  Twitter မှာ ဖော်ပြပါအတိုင်း အသိပေးရေးသားခဲ့ပါတယ်။

ယခုလက်ရှိ iOS 6 ကိုတောင် iDevice များအားလုံးအတွက် အများအသုံးပြုနိုင်တဲ့ Jailbreak Tool တစ်ခုကို မထုတ်ပေးနိုင်သေးပါဘူး။ ဒီလိုအချိန်မျိုးမှာ နောက်လာမယ့် iOS 6.1 ကျရင် Jailbreak လုပ်ဖို့  ပိုမိုခက်ခဲနိုင်တယ် ဆိုတဲ့ သတင်းကတော့ Apple သမားတွေ အတွက် အားရစရာမရှိလှပါဘူး။

ယခုလို Apple ရဲ့  တင်းကျပ်မှုတွေကြောင့် နောက်ပိုင်းမှာ Apple ချစ်သူတွေ စိတ်ပျက်လာမှာကိုလည်း တွေးနေမိပါသေးတယ်...

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
From : Facebook

SHARE THIS
Previous Post
Next Post