ကော်ဖီသောက်ပြီး အဆီချမယ်...

ကော်ဖီသောက်ပြီး အဆီချမယ်...

ကော်ဖီမှာ ကဖင်း၊ သဘာဝ ဆိုးဆေးနဲ့ အငွေ့ပျံလွယ်တဲ့ အဆီတို့ ပါဝင်ပါတယ်။  ကော်ဖီထဲမှာ ပါဝင်တဲ့ ကဖင်းဟာ အဆီပြိုကွဲမှုနှုန်းကို မြင့်တက်စေပြီး သွေးထဲကို အဆီဓာတ်တွေ ရောက်ရှိသွားစေပါတယ်။ ကော်ဖီသောက်ပြီး မိနစ် ၃၀ ကနေ ၄၀ အတွင်း သွေးထဲမှာ fatty acid ပါဝင်မှုနှုန်း လျော့နည်းနေမှာဖြစ်ပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်လိုက်ရင်တော့ အဲဒီ fatty acid  တွေဟာ အပူစွမ်းအင်အဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး အဆီတွေကို ခြေဖျက်ပစ်လိုက်နိုင်မှာ ဖြစ်ပါတယ်။ ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်းဟာ အန္တရာယ် ဖြစ်စေနိုင်ပြီး ကော်ဖီကို စနစ်တကျ သောက်သုံးမယ် ဆိုရင်တော့ အကျိုးရှိနိုင်ပါတယ်။ ဒါကြောင့် နှစ်ပတ်အတွင်း အဆီကျ သွယ်လျစေနိုင်မယ့် Coffee Diet လုပ်ရမယ့် အဆင့် ၄ ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ကော်ဖီရဲ့ ရနံ့ဟာ လူတွေကို တည်ငြိမ်မှုကို ဖြစ်စေပါတယ်။ ပြီးတော့ မျက်နှာပေါ်မှာရှိတဲ့ အင်္ဂါရပ်တွေရဲ့ အာရုံခံစားမှုကို တိုးမြင့်စေပါတယ်။ မိမိရဲ့ လုပ်ငန်းခွင်မှာ ကော်ဖီတစ်ခွက် သောက်သုံးလိုက်မယ်ဆိုရင် အလုပ်လုပ်နိုင်တဲ့ စွမ်းရည် ပိုမို တိုးတက်လာပြီး ခန္ဓာကိုယ် အလေးချိန် လျှော့ချချင်တဲ့ စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်ပါတယ်။ သကြား၊ နို့လုံးဝ မပါတဲ့ Black Coffee ပြင်းပြင်းတစ်ခွက်ကို သောက်သုံးပြီး နာရီဝက်ကနေ တစ်နာရီအကြာမှာ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းကစားထားတဲ့ အစားအစာတွေကို ချေဖျက်ရာမှာ ကူညီပေးမှာဖြစ်ပြီး အဆီချေဖျက်မှုကို ပိုမို တိုးမြှင့်စေနိုင်ပါတယ်။

ခန္ဓာကိုယ် အလေးချိန် လျှော့ချဖို့အတွက် ကော်ဖီရဲ့ အကူအညီကို ယူမယ်ဆိုရင် တစ်နေ့ကို ကော်ဖီ ၄ ခွက် သောက်သုံးခြင်းဟာ အသင့်တော်ဆုံး ပမာဏပဲ ဖြစ်ပါတယ်။ ပိုသောက်မိမယ် ဆိုရင်တော့ မိမိရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အိပ်မပျော် ဖြစ်လိမ့်မယ်ဆိုတာကိုတော့ သတိပြုသင့်တယ်နော်။ ကော်ဖီတစ်ခွက်ကို သောက်သုံးမယ် ဆိုရင်တော့ ရိုးရှင်းတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလေးတွေကိုပါ တွဲလုပ်သင့်ပါတယ်။ ဥပမာ- ၁၀ မိနစ်၊ ၁၅ မိနစ်လောက် သွက်သွက်ကလေး လမ်းလျှောက်တာမျိုးပေါ့။ ပြီးတော့ လှေကားထစ် အတိုင်းတက်တာ၊ ထိုင်ခုံပေါ်မှ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်တာတွေဟာ စားသုံးထားတဲ့ ကယ်လိုရီတွေကို ချေဖျက်ရာမှာ အကူအညီ ပေးနိုင်ပါတယ်။ အဲဒီတော့ ရုံးသွားရုံးပြန် ဓာတ်လှေကား မသုံးဘဲ ကိုယ့်ခြေထောက်ကိုယ်သုံးပြီး လှေကားထစ်အတိုင်း တက်မယ်ဆိုရင် ကော်ဖီသောက်ပြီး အဆီချတာကို ပိုပြီး အကျိုးသက်ရောက်မှု ရှိစေမှာပါပဲ။ နှပ်ထားတဲ့ ကော်ဖီမှုန့်တွေနဲ့ နှိပ်နယ်ခြင်းဟာ အသားအရေကို ချောမွေ့စေပြီး တင်းတင်းရင်းရင်း ရှိစေပါတယ်။ အဆီတွေ စုနေတဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ဝမ်းဗိုက်အောက်ပိုင်း၊ ပေါင်၊ ခါး စတဲ့ နေရာတွေကို ကော်ဖီမှုန့်တွေနဲ့ နှိပ်နယ်ပြီး နှလုံးဘက်ကို ဦးတည် နှိပ်နယ်သွားမယ်ဆိုရင် အဆီတွေကို လျော့ကျစေနိုင်မှာ ဖြစ်ပါတယ်။ ရေမချိုးခင် နှိပ်နယ်မှုက ပိုပြီးတော့ အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ ကော်ဖီသောက်ပြီး အဆီချရာမှာ ဆောင်ရန်ရှောင်ရန်တွေကိုလည်း ပြောပြချင်ပါသေးတယ်။

ကော်ဖီစေ့ကို အပူပေးလှော်ပြီး ကြိတ်ထားတဲ့ ကော်ဖီဟာ ကဖင်းပါဝင်မှုကို လျော့ကျစေပါတယ်။ 178'C ထက် ပိုပြီး အပူပေးရင်တော့ ကဖင်း လုံးဝမရှိတော့ဘဲ ပါမယ်ဆိုရင်လည်း အလွန်ကို နည်းပါတယ်။ ဒါကြောင့် ကော်ဖီသောက်ပြီး အဆီချမယ်ဆိုရင် အရသာပေါ့တဲ့ ကော်ဖီကို ရွေးချယ် သောက်သုံးသင့်ပါတယ်။ ကော်ဖီသောက်ပြီး အဆီချရာမှာ ကော်ဖီအပူက ကယ်လိုရီတွေကို ပိုမိုလျင်မြန်စွာ ချေဖျက်နိုင်တဲ့အတွက် အပူချိန် မြင့်မြင့်နဲ့ လှော်ပြီး ကြိတ်ထားတဲ့ ကော်ဖီမွှေးမွှေးပူပူလေးကို သောက်သုံးသင့်တာပေါ့။ ဒါကြောင့် ကော်ဖီသောက်ပြီး ကိုယ်အလေးချိန် လျှော့ချချင်သူတွေ အနေနဲ့ ကော်ဖီအေးကို မသောက်ဘဲ ကော်ဖီပူကိုပဲ သောက်ဖို့ အကြံပြုချင်ပါတယ်။ အသင့်သောက်သုံးနိုင်တဲ့ Instant Coffee တွေဟာလည်း ကော်ဖီစေ့ကို သဘာဝအတိုင်း ကြိတ်ပြီးဖျော်တဲ့ ကော်ဖီလိုမျိုး ကယ်လိုရီတွေကို ချေဖျက်နိုင်စွမ်းမရှိလို့ Instant Coffee တွေကို သောက်သုံးပြီး အဆီချတာမျိုး မလုပ်သင့်ပါဘူး။ ကော်ဖီသောက်ရာမှာလည်း သကြားကို လုံးဝ မထည့်ဘဲ နို့အနည်းငယ်ကိုသာ ထည့်ပြီး သောက်သုံးသင့်ပါတယ်။ သကြားဟာ အဆီကို ချေဖျက်ရာမှာ အနှောင့်အယှက် ဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ ကော်ဖီသောက်ပြီး အဆီချနိုင်မယ့် နည်းလမ်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပြီးပြီဆိုတော့ တို့လည်း ကော်ဖီတစ်ခွက်လောက် သောက်ပြီး နားလိုက်တော့မယ်နော်။

Ref: 8 Days JournalSource

အေးချမ်းမွန်မှ Health Articles  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Photo From: Health Articles

SHARE THIS
Previous Post
Next Post