မောင်တောခရိုင်၌ ဆူပူမီးရှို့မှုများ ထပ်မံ ဖြစ်ပွား



ယနေ့ မနက် စောစောပိုင်းတွင် မောင်တောခရိုင်အတွင်းရှိ နေရာနှစ်ခု၌ မီးရှို့မှုများ ဖြစ်ပွားခဲ့သည်။

မောင်တောမြို့နယ် နစက နယ်မြေ(၁) အတွင်းရှိ အောင်ချမ်းသာရွာတွင် ယနေ့မနက် လေးနာရီက GE တပ်ကားတစ်စီးကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့သည် ဟု ဆိုသည်။

ထို့အပြင် ယနေ့မနက် နှစ်နာရီကလည်း မောင်တောမြို့နယ်တောင်ပိုင်းအတွင်းရှိ ညောင်ချောင်းရွာ အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ခြင်းခံခဲ့ရသည်ဟု RNDP ပါတီဝင်တစ်ဦးက ပြောကြားခဲ့သည်။ ဖြစ်စဉ် အသေးစိတ်ကိုမူ မသိရသေးပေ။

SHARE THIS
Previous Post
Next Post