စစ်တွေတွင် အစားအသောက်များ၌ အဆိပ်တွေ့မှုသတင်းများ ဆက်တိုက် ထွက်ပေါ်

စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း အသီးအနှံများနှင့် အစားအသောက် များတွင် အဆိပ်တွေ့ရှိမှု ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောကြား သည်။

ယနေ့စစ်တွေမြို့ နေပူခံဈေးမှ အမျိုးသမီးတစ်ဦး ကြက်ဥ၀ယ်လာခဲ့ရာ အိမ်ရောက်၍ ကျော်ရန် ခွဲလိုက်ရာ အစိမ်းရောင် အရည်များနှင့် အတူ အ၀ါရောင် အနှစ်များကျလာကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့သူ တစ်ဦးဖြစ်သော ကိုအောင်ကျော်ဝင်း Facebook တွင်ဖော်ပြသည်။

ကြက်ဥ တစ်ဥကို ဖောက်အပြီးတွင် ယင်းသို့တွေ့ရှိမှုကို အပုတ်ဟု ယူဆကာ ကျန် ကြက်ဥများကို ခွဲရာ ပုံစံတူနေ၍ မသင်္ကာသဖြင့် ဂြစ်ချေ ဘုန်းတော်ကြီးကျောင်းသို့ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။

“အစားအသောက်တွေစား လူတွေ အရမ်း သတိထားနေကြပြီ “ စစ်တွေ ဒေသခံတစ်ဦးက ဆိုသည်။

လွန်ခဲ့သော ရက်ပိုင်းကလည်း အလား ဘူးသီးတွင် အဆိပ်တွေ့သည်ဟု သတင်းများထွက်ပေါ်နေသည်။

“ဒီအတိုင်းဆို သောက်ရေကန်တွေ သတိယားရတော့မယ်“ ကို အောင်ကျော်ဝင်းက ဆိုသည်။

သို့သော်လည်း အစိုးရက ယင်းကစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ် အခြေအနေမှာ လက်ရှိတွင် တည်ငြိမ်နေသည်ဟု ဆိုသော်လည်း ထိလွယ်ရှလွယ် အခြေအနေပင် ဖြစ်နေသေးသည်။

ဓါတ်ပုံ - အောင်ကျော်ဝင်း
Rakhine Citizen Journalists

SHARE THIS
Previous Post
Next Post