ကြက်ဥမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု လူနှင့်စမ်းသပ်ရန် ကျန်နေသေး

ကြက်ဥမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုတွင် လူနှင့် စမ်းသပ် ရန်ကျန်ရှိနေသေးကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန် မာပြည်)မှ သိရသည်။
လတ်တလော၌ မြွေဆိပ်ဖြေဆေးများကို သိုးနှင့်မြင်းမှ ထုတ်လုပ်လျက်ရှိသော်လည်း မြင်းမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် ခက်ခဲလာသည့်အတွက် ထိန်းသိမ်းကိုင် တွယ်ရ လွယ်ကူသော သိုးမှသာ အဓိကထုတ်လုပ်နေ ကြောင်း၊ ထို့အပြင် ကြက်ဥမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်နိုင် ရေးအတွက် သုတေသနစမ်းသပ်မှုကို ၂ဝ၁၁ ခုနှစ်မှ စတင်ဆောင် ရွက်လျက်ရှိပြီး ယခုအခါ ကြွက်များနှင့် ထိုမြွေဆိပ်ဖြေဆေး၏ အာနိသင်အား စမ်းသပ်ပြီးဖြစ် ကြောင်း၊ သို့ရာတွင် ဆေးဝါးအဖြစ် ထုတ်လုပ်နိုင်ရန်အတွက် မျောက်နှင့်လူတို့တွင် စမ်းသပ်ရန် လိုအပ်နေသေးကြောင်း၊ ကျန်းမာရေးဆိုင်ရာနှင့် ဆေးပညာကျင့် ဝတ်များအရ အဆိုပါ မြွေဆိပ်ဖြေဆေးအား လူနှင့် စမ်းသပ်ရန် အခက် တွေ့နေကြောင်း ဆေးသု တေသနဦးစီးဌာန (အောက် မြန်မာပြည်)မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းအောင်က ပြော သည်။
ကြက်ဥမှ မြွေဆိပ်ဖြေဆေးအားအောင်မြင်စွာ ထုတ်လုပ်နိုင်ပါက အခြားသော မြွေဆိပ်ဖြေဆေးများထုတ်လုပ်မှုထက် ကုန်ကျစရိတ်များစွာ သက်သာစေနိုင်မည့် အပြင် မြွေကိုက်မှုကြောင့် သေဆုံးသူဦးရေကိုလည်း အ တော်အတန် လျှော့ချနိုင်မည်ဖြစ် ကြောင်း ၄င်းက ထပ်မံပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းဇယားများအရ မြန်မာနိုင်ငံ၌ နှစ်စဉ်မြွေ ကိုက်ခံရသည့် လူနာပေါင်း တစ်သောင်းသုံးထောင်မှ တစ်သောင်းခွဲကြား ရှိသည့်အနက် ၈ဝ ရာခိုင်နှုန်းမှာ အဆိပ်ရှိသောမြွေကိုက် ခံရခြင်း ဖြစ်သည်။

မှ Popular Myanmar News Journal

“ကြက်ဥမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု လူနှင့်စမ်းသပ်ရန် ကျန်နေသေး”

ရန်ကုန်၊ ဇန်နဝါရီ ၁၉

အေးချမ်းမွန်မှ  Popular Myanmar News Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post