ပီယာလို ပါဝင်လာသော ကမ္ဘာ့အကောင်းဆုံးအသင်း

UEFA.com ၀က်ဘ်ဆိုက် အသုံးပြုသူများမှ ရွေးချယ်သော ၂၀၁၂အကောင်းဆုံးအသင်းတွင် ဂျူဗင်တပ်စ် ကွင်းလယ် လူ ပီယာလို ပါဝင်လာခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သော သီတင်းပတ်အတွင်း ဖီဖာတစ်နှစ်တာ အကောင်းဆုံး အသင်းရွေးချယ်မှုတွင် လာလီဂါ ကစားသမားများသာ ပါဝင်ခဲ့ပြီး ဖယ်လ်ကာအိုမှလွဲ၍ စပိန် ကစားသမားများ ဖြစ်ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် UEFA.com အသုံးပြုသူများမှ ရွေးချယ်သော ၂၀၁၂ ကမ္ဘာ့အကောင်းဆုံးတွင် ဇာဗီ၊ အင်နီယက်စတာတို့နှင့် အတူ ကွင်းလယ်တွင် ပီယာလို ပါဝင်လာခဲ့ပြီး အပြောင်းအလဲ(၄)နေရာရှိကာ ခံစစ်တွင် သီယာဂို ဆေးလ်ဗား၊ ဖိလစ်လမ်းတို့ ပါဝင်လာခဲ့ပြီး ကွင်းလယ် တိုက်စစ် နေရာအတွက် အိုဇေးလ် ရွေးချယ်ခံခဲ့ရသည်။
ဖီဖာတစ်နှစ်တာအကောင်းဆုံးစာရင်းတွင် ပါဝင်ခဲ့ပြီး ယခု ရွေးချယ်ခြင်း မခံရသည့် ကစားသမား(၄)ဦးမှာမူ မာဆယ် လို၊ အဲလ်ဗက်စ်၊ အလွန်ဆို နှင့် ဖယ်လ်ကာအိုတို့ ဖြစ်သည်။
http://yoyarlay.com/sport/football/33888-2013-01-16-16-27-59

SHARE THIS
Previous Post
Next Post