Tuesday, January 22, 2013
ယမန်နေ့ညက မြ၀တီမြို့ရှိ တရားမ၀င် လောင်းကစားပွဲတော်ကို ဓာတ်ပုံရိုက်သည့် လျှပ်တစ်ပြက်ဂျာနယ်အယ်ဒီတာချုပ်
မြ၀တီမြို့စာပေဟောပြောပွဲတွင် ဟောပြောရန်ရောက်ရှိနေသည့် ဦးမြတ်ခိုင်က မြ၀တီမြို့ပြင် အမှတ် ၁ ဂိတ်အနီးရှိ လောင်းကစားဝိုင်းများကို ဓာတ်ပုံရိုက်ကူးစဉ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့က
ဦးမြတ်ခိုင် သတင်းထောက်ကတ် ထုတ်ပြပြီး စာနယ်ဇင်းသမားဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟုလည်း သိရသည်။
နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးက "သူက နာမည်ကြီးဂျာနယ်အယ်ဒီတာဖြစ်လို့
အခင်းဖြစ်ပွားခဲ့သည့် နေရာတွင် လေးကောင်ဂျင်၊ အန်စာတုံးနှင့် အခြားလောင်းကစားနည်းမျိုးစုံ ပါဝင်ပြီး ကစားဝိုင်းပေါင်း ၄၀ ခန့် ရှိပြီး တ၀ိုင်းလျှင် လောင်းကစားငွေကြေး ပမာဏ ကျပ် ၅ သိန်း အထက်တွင် ရှိသည်ဟု လောင်းကစားဒိုင်တဦးက ပြောသည်။
မြ၀တီမြို့တွင် လောင်းကစားကွင်း ၂ နေရာခန့်ရှိပြီး လောင်းကစားပွဲ ကျင်းပခဲ့သည်မှာ ၃ လကျော်ပြီ ဖြစ်ကြောင်း၊ အထက်အာဏာပိုင်များက တစုံတရာ အရေးယူခြင်းမရှိကြောင်း၊ လောင်းကစားမှုနှင့် ဆက်စပ်ဖွယ်ရှိသည့် ခိုးဆိုးလုယက်ခြင်းများ အပါအ၀င် ရာဇ၀တ်မှုများ မြို့နယ်အတွင်း နေ့စဉ်ဖြစ်ပွားနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက ပြောသည်။
ပြည်တော်မြင့်
ယနေ့မွန်းလွဲပိုင်းက မြ၀တီတွင်တွေ့ရသည့် ဦးမြတ်ခိုင်နှင့် နယ်ခြားစောင့်တပ်မှ တပ်မှူးတဦး (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
မှ ဧရာဝတီ