Gmail နဲ့ Facebook Remote Sign Out ပြုလုပ်နည်း

အင်တာနက် အသုံးပြုသူတိုင်းလိုလို Gmail ဆိုတာကြီးကို သိကြလိမ့်မယ် ထင်ပါတယ်။  Gmail ကို အသုံးပြုဖူးသူတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့နိုင်တာကတော့ မိမိရဲ့ Gmail အကောင့် Password ကို တစ်စုံတစ်ယောက်က တစ်နည်းနည်းဖြင့် သိရှိသွားကာ တစ်နေရာရာမှ အသုံးပြုနေခြင်းနှင့် မိမိ Gmail အကောင့်ကို Sign Out မပြုလုပ်မိခြင်း၊ မိမိ Gmail အသုံးပြုနေစဉ် အင်တာနက်ကွန်နက်ရှင် ကျခြင်းကြောင့် အကောင့်မထွက်ခဲ့ခြင်း၊ Remember Password နှိပ်မိခြင်းကြောင့် စက်တွင် အကောင့်ထွက်မရဘဲ ကျန်ရစ်ခဲ့ခြင်း စသည်ဖြင့် အကောင့်များ မိမိအသုံးပြုခဲ့သည့် ကွန်ပျူတာများတွင် ကျန်ရစ်ခဲ့ကြတာကို ကြုံတွေ့ဖူးကြမှာပါ။ မိမိကျန်ခဲ့သည့် စက်သို့ သွားရောက်သုံးစွဲခြင်း မပြုဘဲ မိမိရောက်ရှိနေရာ နေရာကပင် Gmail အကောင့်ကို Login ဝင်ကာ ကျန်ခဲ့သည့် စက်မှ Gmail အကောင့်များကို Remote စနစ်အသုံးပြုကာ Sign Out ပြုလုပ်နိုင်ပါတယ်။

Photo



အဆင့် (၁) အနေဖြင့် ပထမဆုံး မိမိရဲ့ Gmail အကောင့်ကို Login ဝင်ပါ။ ပြီးရင် Score Bar ကိုနှိပ်ရင် Gmail ရဲ့ အောက်ဘက်ကို သွားပြီး ပုံ (၁) တွင် ပြထားသည့် အတိုင်း Details ကို ကလစ်နှိပ်ပေးရပါမယ်။

အဆင့် (၂) အနေဖြင့် Activity on this account ဆိုသည့် Box လေးတက်လာတာကို ပုံ (၂) တွင် တွေ့မြင်နိုင်ပါတယ်။

အဆင့် (၃) အနေဖြင့် ပုံ (၃) တွင် ပြထားသည့်အတိုင်း Sign out all other sessions ဆိုတာလေးကို နှိပ်ကာ Remote Sign Out ပြုလုပ်နိုင်ပါသည်။

အဆင့် (၄) အနေဖြင့် မိမိအကောင့်ကို ဘယ်နေရာကနေ အသုံးပြုနေတယ်ဆိုတာကို ပုံ (၄) တွင် ဖော်ပြထားတာကို တွေ့မြင်နိုင်ပါတယ်။ အဆင့်အားလုံး လုပ်ပြီးပါက ပိုမိုကောင်းမွန်စေရန် မိမိအကောင့်ကို Password ပြောင်းပေးလိုက်ရုံပါဘဲ။ Password ပြောင်းပြီးပါက မိမိအကောင့်ကို ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
 


ယနေ့ခေတ်တွင် နာမည်ကြီး ဆိုရှယ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Facebook ဝက်ဘ်ဆိုက်ကို အသုံးပြုလာတဲ့အခါ ဆက်သွယ်မှု နည်းပညာအားဖြင့် ကောင်းမွန်စွာဖြင့် အလွယ်တကူ ဆက်သွယ်ကာ မိတ်ဆွေသူငယ်ချင်းများဖွဲ့ခြင်း၊ စီးပွားရေးကြော်ငြာများ ပြုလုပ်ခြင်းနှင့် အသိပညာပေး အဖွဲ့အစည်းများ ပြုလုပ်ခြင်းစသည့် နည်းလမ်းပေါင်းစုံဖြင့် အသုံးပြုကြပါတယ်။ ဘယ်မှာပဲဖြစ်ဖြစ် Facebook အသုံးပြုသည့် အခါတွင် မိမိအကောင့်အား အသုံးပြုနေစဉ်အတွင် ကွန်နက်ရှင် ကျသွားခြင်းကြောင့်ဖြစ်စေ၊ အကောင့် မထွက်မိခြင်းကြောင့်ဖြစ်စေ၊ နောက်တစ်ခြားတစ်ယောက် အသုံးပြုမည့် အချိန်တွင် အကောင့်မထွက်ပဲ ကျန်ခဲ့ပါက တခြားသူများမှ မိမိအကောင့်တွင် ဂုဏ်သိက္ခာ ကျဆင်းစေမည့် အပြောအဆိုများ ရေးသားခြင်း၊ မိမိသူငယ်ချင်းများအား ပေါက်ကရ လျှောက်ပြောခြင်းများ ပြုလုပ်နိုင်ပါတယ်။ ထို့ကြောင့် ကျန်ခဲ့သော Facebook ကို အဝေးမှ Logout ပြုလုပ်နိုင်ပါတယ်။

Facebook Remote Log Out ပြုလုပ်ပုံအဆင့်ဆင့်မှာ-

အဆင့် (၁)- မိမိရဲ့ facebook အကောင့်ကို အရင်ဆုံး Log in ပြုလုပ်ပါ။ ပြီးရင် ပုံ (၁) မှာ ပြထားတဲ့အတိုင်း မိမိအကောင့်ထဲ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
 
အဆင့် (၂)- မိမိအကောင့် ညာဘက်ထောင့်တွင် မြင်ရတဲ့ Home ရဲ့ဘေးမှ စက်သွားပုံလေးကို နှိပ်ပြီးရင် ပုံ (၂) တွင် ပြထားသည့်အတိုင်း Account Settings ကို နှိပ်ဝင်ပါ။
 
အဆင့် (၃) Account Settings အထဲ ရောက်သွားရင် ပုံ (၃) တွင် ပြထားတဲ့အတိုင်း Security Tab ကိုနှိပ်ဝင်ပါ။
 
အဆင့် (၄) Security Tab အထဲကို ရောက်သွားပြီးရင် ပုံ (၄) မှာ ပြထားတဲ့အတိုင်း ပေါ်လာမှာပါ။
 

ကျော်စွာဝင်း
 By The IT Times 22 January, 2013

SHARE THIS
Previous Post
Next Post