ကျားတံဆိပ် ပရုတ်ဆီများ မြန်မာ့ဈေးကွက်သို့ ပြန်လည် ၀င်ရောက်တော့မည်


Friday, 11 January 2013
ဗြိတိသျှ ကိုလိုနီခေတ်က မြန်မာတွင် စတင်ထုတ်လုပ်ရောင်းချခဲ့ပြီး ၁၉၂၆ တွင် စင်ကာပူသို့ ပြောင်းရွှေ့
သွားခဲ့သည့် ကျားတံဆိပ် ပရုတ်ဆီများကို မြန်မာပြည်တွင် တရားဝင် ရောင်းချသွားနိုင်ရန်
 ပြင်ဆင်နေကြောင်း ယင်း ပရုတ်ဆီထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် ဟော်ပါး
 ကော်ပိုရေးရှင်းကပြောကြားလိုက်သည်။
စင်ကာပူတွင် မှတ်ပုံတင်ထားသည့် ယင်းကော်ပိုရေးရှင်းသည် ယခုအခါ
ပြုပြင်ပြောင်းလဲမှုများကြောင့် ပွင့်လင်းလာနေသော မြန်မာ့ ဈေးကွက်တွင်
နေရာပြန်ရလိုနေခြင်းကြောင့် ၀င်ရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ဟော်ပါးကော်ပိုရေးရှင်း၏ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ အေကေ ဟန်က “မြန်မာကို ကျွန်တော်တို့ အလွန်စိတ်ဝင်စားရတဲ့ အကြောင်း
ရင်းက ကျွန်တော်တို့ရဲ့ မူလရင်းမြစ်ဖြစ်လို့ပါ။ ကျားပရုတ်ဆီဟာ အဲဒီကနေ
ပေါ်ထွက်ခဲ့ပြီး ကမ္ဘာထဲ ဝင်ခဲ့တယ်။ ကိုယ်ပိုင်နာမည်တစ်ခု ရခဲ့ပါတယ်။ အခုတော့ ပြန်ဝင်လာပါပြီ”ဟု ပြောကြားသည်။
ယခုအခါ ကျားတံဆိပ် ပရုတ်ဆီများကို နိုင်ငံပေါင်း ၁၀၀ ကျော်တွင်
ရောင်းချနေပြီး ကုမ္ပဏီထုတ်ကုန်များတွင် အနာကပ်ပလာစတာများနှင့် အားကစားသမားများအတွက် ကြွက်သားလိမ်းသည့် ဂျဲလ်များကိုပါ မကြာမီက ထပ်တိုးရောင်းချခဲ့သည်။
သို့သော် မြန်မာတွင်မူ ကျားပရုတ်ဆီများကို တရားဝင်ကုမ္ပဏီမှ တိုက်ရိုက်ရောင်းချမှုမှာ ဆယ်စုနှစ်များစွာကြာအောင်ပင် မရှိခဲ့ဘဲ
ပြည်တွင်း၌ ရောင်းချနေမှုများသည် အိမ်နီးချင်းထိုင်းမှတဆင့် တင်သွင်းရောင်းချနေခြင်းဖြစ်သည်
ပေါ့ပ်အဆိုတော်လေဒီဂါဂါကဲ့သို့သော နာမည်ကျော်တစ်ဦးကပင် ထို ပရုတ်ဆီသည် နောက်ကျောနာကျင်မှု ဝေဒနာအတွက် သုံးရမည့်
ဆေးဖြစ်ကြောင်း မကြာမီက သူမ၏တွစ်တာ ၀က်ဘ်ဆိုက်စာမျက်နှာ တွင် ရေးသားခဲ့သည်။
လူဦးရေသန်း ၆၀ ခန့် ရှိသော မြန်မာသည် ယခုအခါ အစိုးရ၏ ချုပ်ကိုင်မှု လျော့ပေးခြင်းနှင့်အတူ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်
ကုမ္ပဏီ ကြီးများအတွက် ဆွဲဆောင်မှုရှိသော ဈေးကွက်တစ်ခု ဖြစ်လာ
နေသည်။ သို့သော် ဟော်ပါးကော်ပိုရေးရှင်းသည် မြန်မာ့ဈေးကွက်သို့ ဝင်ရောက် ရန် သုတေသနပြုမှုများ၊ လေ့လာမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ကုမ္ပဏီသည် မြန်မာတွင် ၎င်း၏ ထုတ်ကုန်များ ဖြန့်ဖြူးရေးအတွက်
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဖြန့်ချီပေးမည့် ကိုယ်စားလှယ် ကုမ္ပဏီ နှစ်ခုကို ရွေးချယ်ထားပြီး ဖြစ်သည်။
ကျားပရုတ်ဆီများကို ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် “အော” မျိုးနွယ် အမည်ရှိ ညီအကိုနှစ်ဦးက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၁၉၂၆ တွင် ၎င်းတို့လုပ်ငန်းကို စင်ကာပူသို့ ပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာသိ အမှတ်တံဆိပ် တစ်ခု ဖြစ်လာခဲ့သည်။ စင်ကာပူတွင် အောညီအကို၏ ဟော်ပါဗီလာ
နေအိမ်မှာ ကမ္ဘာလှည့်များ လာရောက်ကြည့်ရှုရာ အမှတ်တရ နေရာ တစ်ခုလည်း ဖြစ်သည်။


Ref: Fanancial Times

The Myanma Age

ကျားတံဆိပ် ပရုတ်ဆီများ မြန်မာ့ဈေးကွက်သို့ ပြန်လည်
ဝင်ရောက်တော့မည်
Friday, 11 January 2013

ဗြိတိသျှ ကိုလိုနီခေတ်က မြန်မာတွင် စတင်ထုတ်လုပ်ရောင်းချခဲ့ပြီး ၁၉၂၆ တွင် စင်ကာပူသို့ ပြောင်းရွှေ့သွားခဲ့သည့် ကျားတံဆိပ် ပရုတ်ဆီများကို
မြန်မာပြည်တွင် တရားဝင် ရောင်းချသွားနိုင်ရန် ပြင်ဆင်နေကြောင်း ယင်း ပရုတ်ဆီထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် ဟော်ပါး ကော်ပိုရေးရှင်းက
ပြောကြားလိုက်သည်။

စင်ကာပူတွင် မှတ်ပုံတင်ထားသည့် ယင်းကော်ပိုရေးရှင်းသည် ယခုအခါ
ပြုပြင်ပြောင်းလဲမှုများကြောင့် ပွင့်လင်းလာနေသော မြန်မာ့ ဈေးကွက်တွင်
နေရာပြန်ရလိုနေခြင်းကြောင့် ၀င်ရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ဟော်ပါးကော်ပိုရေးရှင်း၏ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ အေကေ ဟန်က “မြန်မာကို ကျွန်တော်တို့ အလွန်စိတ်ဝင်စားရတဲ့ အကြောင်း
ရင်းက ကျွန်တော်တို့ရဲ့ မူလရင်းမြစ်ဖြစ်လို့ပါ။ ကျားပရုတ်ဆီဟာ အဲဒီကနေ
ပေါ်ထွက်ခဲ့ပြီး ကမ္ဘာထဲ ဝင်ခဲ့တယ်။ ကိုယ်ပိုင်နာမည်တစ်ခု ရခဲ့ပါတယ်။ အခုတော့ ပြန်ဝင်လာပါပြီ”ဟု ပြောကြားသည်။

ယခုအခါ ကျားတံဆိပ် ပရုတ်ဆီများကို နိုင်ငံပေါင်း ၁၀၀ ကျော်တွင်
ရောင်းချနေပြီး ကုမ္ပဏီထုတ်ကုန်များတွင် အနာကပ်ပလာစတာများနှင့် အားကစားသမားများအတွက် ကြွက်သားလိမ်းသည့် ဂျဲလ်များကိုပါ မကြာမီက ထပ်တိုးရောင်းချခဲ့သည်။

သို့သော် မြန်မာတွင်မူ ကျားပရုတ်ဆီများကို တရားဝင်ကုမ္ပဏီမှ တိုက်ရိုက်ရောင်းချမှုမှာ ဆယ်စုနှစ်များစွာကြာအောင်ပင် မရှိခဲ့ဘဲ
ပြည်တွင်း၌ ရောင်းချနေမှုများသည် အိမ်နီးချင်းထိုင်းမှတဆင့် တင်သွင်းရောင်းချနေခြင်းဖြစ်သည်။

ပေါ့ပ်အဆိုတော်လေဒီဂါဂါကဲ့သို့သော နာမည်ကျော်တစ်ဦးကပင် ထို ပရုတ်ဆီသည် နောက်ကျောနာကျင်မှု ဝေဒနာအတွက် သုံးရမည့်
ဆေးဖြစ်ကြောင်း မကြာမီက သူမ၏တွစ်တာ ၀က်ဘ်ဆိုက်စာမျက်နှာ တွင် ရေးသားခဲ့သည်။

လူဦးရေသန်း ၆၀ ခန့် ရှိသော မြန်မာသည် ယခုအခါ အစိုးရ၏ ချုပ်ကိုင်မှု လျော့ပေးခြင်းနှင့်အတူ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်
ကုမ္ပဏီ ကြီးများအတွက် ဆွဲဆောင်မှုရှိသော ဈေးကွက်တစ်ခု ဖြစ်လာ
နေသည်။ သို့သော် ဟော်ပါးကော်ပိုရေးရှင်းသည် မြန်မာ့ဈေးကွက်သို့ ဝင်ရောက် ရန် သုတေသနပြုမှုများ၊ လေ့လာမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ကုမ္ပဏီသည် မြန်မာတွင် ၎င်း၏ ထုတ်ကုန်များ ဖြန့်ဖြူးရေးအတွက်
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဖြန့်ချီပေးမည့် ကိုယ်စားလှယ် ကုမ္ပဏီ နှစ်ခုကို ရွေးချယ်ထားပြီး ဖြစ်သည်။

ကျားပရုတ်ဆီများကို ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် “အော” မျိုးနွယ် အမည်ရှိ ညီအကိုနှစ်ဦးက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၁၉၂၆ တွင် ၎င်းတို့လုပ်ငန်းကို စင်ကာပူသို့ ပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာသိ အမှတ်တံဆိပ် တစ်ခု ဖြစ်လာခဲ့သည်။ စင်ကာပူတွင် အောညီအကို၏ ဟော်ပါဗီလာ
နေအိမ်မှာ ကမ္ဘာလှည့်များ လာရောက်ကြည့်ရှုရာ အမှတ်တရ နေရာ တစ်ခုလည်း ဖြစ်သည်။

Ref: Fanancial Times
The Myanma Age

SHARE THIS
Previous Post
Next Post