ရခိုင်ဗီဒီယိုကား ၂၂ ကား ရိုက်ကူး ထုတ်လုပ်ခဲ့သူ ဦးမောင်ညိုအား ဂုဏ်ပြုလွှာ ပေးအပ်

http://www.narinjara.com/burmese/?p=3934

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညို (ပန်းချီ မင်းညို) အား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ ရခိုင်ပြည်နယ် ဗီဒီယို အခြေခံ အဖွဲ့က ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့သည်ဟု သိရသည်။ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ရခြင်းမှာ ရခိုင်စကားပြော ဗီဒီယိုကား (၂၂) ခုထိ ရိုက်ကူး ထုတ်လုပ်နိုင်၍ ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဂုဏ်ပြုလွှာကို ရခိုင်ပြည်နယ် ဗီဒီယို အခြေခံ အဖွဲ့  ဥက္ကဌ ဦးဦးဘစောမှ ယခုလ ၅ ရက်နေ့က ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

“ ရခိုင်ဗီဒီယို ဘခင်ကြီး အဖြစ် အသိအမှတ်ပြုတဲ့ အနေနဲ့ ပေးအပ်ရတာ ဖြစ်ပါတယ်” ဟု အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဦးမောင်ညိုသည် နာမည်ကြီး ရခိုင် သမိုင်း အခြေပြု  ပတ္တမြားဒေ၀ီ စိုးမဲဂျီ ဗီဒီယို ဇာတ်ကားကို ၁၉၉၀ ခု နှစ်တွင် ပထမဆုံး ရိုက်ကူးခဲ့သည်။

ရခိုင်ဗီဒီယိုလောက တိုးတက်ရေး အတွက် ရခိုင် ဇာတ်ကား အများအပြားကို အနစ်နာခံကာ ပထမဆုံး ထုတ်လုပ်ခဲ့သူ ဖြစ်သည်ဟု သိရသည်။

၂၀၁၀ ခုနှစ် ပြုလုပ်ခဲ့သော ရွှေးကောက်ပွဲတွင် ဆရာ ဦးမောင်ညိုသည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ စစ်တွေမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွှေးချယ် ခံခဲ့ရသူလည်း ဖြစ်သည်။
( သတင်းအချက်အလက်များ အောင်သစ်စိုး ပေးပို့သည်။)

SHARE THIS
Previous Post
Next Post