ကချင်အရေးအတွက် ယနေ့ ရန်ကုန်တွင် ကျင်းပခဲ့ကြသည့် ငြိမ်းချမ်းရေးဆုတောင်းပွဲ

ဇန်န၀ါရီလ ၁ရက်၊ ညနေ ၃နာရီအချိန်တွင် (၁) မြို့တော်ခန်းမရှေ့၌ ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှုများ ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရန် (၂) စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်ပေးရန် နှစ်ဖက်တပ်များအား အရပ်ဖက်အဖွဲ့အစည်းများ ပြည်သူများ မှ တောင်းဆိုမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်သူများမှ "ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ" "တရားမျှတမှု စိုးမိုးပါစေ" "စစ်ပွဲအားလုံး ချက်ခြင်းရပ်" စသည်တို့ကို ကြွေးကြော်ပြီး ကချင်ပြည်နယ် အမြန်ဆုံး ငြိမ်းရေးရရှိရန်အတွက် တောင်းဆိုလျက်ရှိကြောင်း သိရသည်။ EMG

SHARE THIS
Previous Post
Next Post