တရုတ် နိုင်ငံမှ မီးခိုးမြူများ တောင်ကိုရီးယား နိုင်ငံအတွင်း ဝင်ရောက်

တရုတ်နိုင်ငံ ပေကျင်းမှ လေထု ညစ်ညမ်းစေသည့် မီးခိုး မြူများသည် တောင်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း တောင်ကိုရီးယား အစိုးရ ဌာနများမှ သုတေသီ များက ပြောကြား ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်များ အတွင်းက တောင်ကိုရီးယား ရှိအဓိက မြို့ကြီးများ၏ လေထု အတွင်း၌ ပါဝင်သည့် ဆာဖာ အောက်ဆိုက်နှင့် နိုက်ထရိုဂျင် အောက်ဆိုက် ပမာဏသည် လေထု အတွင်းရှိ သင့်သည့် ပမာဏထက် နှစ်ဆပိုမို များပြားလျက် ရှိသောကြောင့် အာဏာပိုင် များက ကျန်းမာရေး ဆိုင်ရာ သတိပေး ချက်များ ထုတ်ပြန် ခဲ့ရကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက်လာသော မီးခိုး မြူများသည် တရုတ် နိုင်ငံမှ ဖြစ်ပြီး လေထု ညစ်ညမ်းစေသည့် အရာများနှင့် ရေခိုး ရေငွေ့များ ရောယှက်နေကြောင်း အမျိုးသား ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သုတေသန ဌာနမှ ညွှန်ကြားရေးမှူး ကင်ဂျောင်ချွန်းက ဆိုသည်။

ပေကျင်းမြို့သည် မကြာ သေးမီက မီးခိုးမြူများ ဖုံးလွှမ်း ခဲ့သောကြောင့် မြို့တော်အတွင်း နေထိုင်သူ များသည် လေထု ညစ်ညမ်းမှုနှင့် ကြုံတွေ့ ခဲ့ရပြီး မီတာ ၂ဝဝ အောက်တွင်သာ မြင်ရသည့် အတွက် လိမ္မော်ရောင် အဆင့်ရှိ သတိ ပေးချက်ကို ပထမဆုံး အကြိမ်အဖြစ် ထုတ်ပြန် ခဲ့ရကြောင်း သိရသည်။

၎င်းမီးခိုး မြူထဲတွင် ပါဝင်သည့် ဒြပ်ထုများသည် အသက်ရှူ ကျပ်ခြင်း ဝေဒနာကို ဖြစ်ပွားစေပြီး မြေသားနှင့် ရေများတွင် ပါဝင်နေသော ဒြပ်ပါဝင်မှု ပမာဏ ကိုလည်း စစ်ဆေးသွားရန် လိုအပ်ကြောင်း သုတေသီ တစ်ဦးက ဆိုသည်။

ထို့ပြင် ယခုလက်ရှိ ဖြစ်ပွားနေသော လေထု ညစ်ညမ်းမှု၊ ကျန်းမာရေး ထိခိုက်မှုနှင့် စပ်လျဉ်း၍ တောင်ကိုရီးယား နိုင်ငံ တစ်နိုင်ငံတည်း မဖြေရှင်းဘဲ အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသည့် ဂျပန် နှင့်တရုတ်တို့ ကပါ ပါဝင်၍ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Friends of the Earth Korea အဖွဲ့မှ ဒါရိုက်တာ ချွိုင်ဂျွန်ဟိုက ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်ဟု သိရသည်။

မှ မြ၀တီ

http://www.myawady.net.mm/allnews/global/item/4785-2013-01-19-08-57-17#.UPpGIp28B8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post