တောင်ကိုရီးယားဂန်နမ်းမြို့ ပညာရေးစစ်တမ်းထုတ်ပြန်

တောင်ကိုရီးယားနိုင်ငံ ဂမ်နမ်းမြို့ရှိ မိဘများသည့် ပညာရေးကို အထူးစိတ်ဝင်စားကြကြောင်း စစ်တမ်းများအရ သိရှိရသည်။ မိသားစု ၁၀ စုတွင် ၃ စုသည် ပညာရေးအတွက် အသုံးစရိတ်အဖြစ် တစ်လလျှင် ဝမ် ၅ သန်း (ဒေါ်လာ ၄၇၃၀) ခန့်သုံးစွဲနေရကြောင်း သိရသည်။ ပုဂ္ဂလိကကျောင်းများတွင် မိမိတို့သားသမီးများကို ထားလျှင် အပိုကုန်ကျစရိတ်အဖြစ် ပျမ်းမျှ တစ်လ ဝမ် ၁ ဒသမ ၁၄ သန်း (ဒေါ်လာ ၁၀၈၀) ခန့် ထပ်မံကုန်ကျ မည်ဖြစ်သည်။ မိသားစုဝင်တစ်ဦးကို နိုင်ငံရပ်ခြားတွင် ကျောင်းသွားထားလျှင် ကလေးတစ်ယောက်ကုန်ကျစရိတ်မှာ ဝမ် သန်း ၅၀ ခန့်ဖြစ်ပြီး၊ နိုင်ငံရပ်ခြား ပညာသင်လွှတ်သည် မိသားစုဦးရေမှာ ၈ ရာခိုင်နှုန်းခန့်သာရှိသည်။ ဂမ်နမ်းနေ မိသားစု၏ ၂၇ ဒသမ ၅ ရာခိုင်နှုန်းသည် တစ်လလျှင် ပျမ်းမျှဝင်ငွေ ဝမ် ၅ သန်းခန့်ရှိကြသည်။ ၁၉ ဒသမ ၃ ရာခိုင်နှုန်းသည် ဝမ် ၃ သန်းမှ ၄ သန်းအတွင်း ဝင်ငွေရှိပြီး၊ ၁၈ ရာခိုင်နှုန်းမှာ တစ်လ ဝမ် ၃ သန်းခန့်၊ ၁၇ ဒသမ ၆ ရာခိုင်နှုန်းမှာ ဝမ် ၅ သန်း၊ ၁၀ ဒသမ ၇ ရာခိုင်နှုန်းမှာ ဝမ် ၁ သန်းမှ ၂ သန်းနှင့် ၆ ဒသမ ၉ ရာခိုင်နှုန်းမှာ ဝမ် ၁ သန်းအောက် ဝင်ငွေအသီးသီးရှိကြောင်း သိရသည်။ ၇၈ ရာခိုင်နှုန်းသော လူဦးရေမှာ မိမိတို့ကိုယ် မိမိတို့ လူလတ်တန်းစားများဟု ထင်မြင် ယူဆနေကြပြီး၊ နိုင်ငံရေး၊ စီပွားရေးနှင့် လူမှုရေး အဆင့်အတန်း မြင့်မားသည်ဟုလည်း ထင်မြင်နေကြသည်။ ဂမ်နမ်းတွင် ဟက်ဝမ်းဟုခေါ်သည့် ကျူရှင်ကျောင်းပေါင်း ၁၉၆၅ ကျောင်းရှိပြီး ၂၀၁၀ ခုနှစ်တွင် ၁၈၃၄ ကျောင်းသာရှိသဖြင့် ၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်မားလာသည်ဟုဆိုရမည်။ လူနေအိမ် ၁၀၀၀ တွင် ကျူရှင်ကျောင်းပေါင်း ၃ ဒသမ ၅ ကျောင်းခန့်ရှိနေသည့်သဘောဖြစ်သည်။ ဂမ်နမ်းနေ ပြည်သူတို့ ကျူရှင် ထားနှုန်းသည် ဆိုးလ်ရှိ မိဘများ ကျူရှင်ထားနှုန်းထက် ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်မားနေကြောင်း သိရသည်။ ဂမ်နမ်းတွင် ကျောင်းသား ၁၇ ယောက်လျှင် ဆရာတစ်ဦးနှုန်း ပညာသင်ကြားနေပြီး၊ တစ်နိုင်ငံလုံး ပညာသင် ကြားနေကြသည့်နှုန်းမှာ ကျောင်းသား ၂၀ ဒသမ ၆ ဦးလျှင် ဆရာတစ်ဦးနှုန်းဖြစ်သည်။ ဆိုးလ်မြို့တွင် ကျောင်းသား ၂၃ ဒသမ ၇ ဦးလျှင် ဆရာတစ်ယောက်နှုန်းဖြစ်နေသဖြင့် ဂမ်နမ်း၏ပညာသင်ကြားမှုနှုန်း မြင့်မား သည်ဟုဆိုရမည်။ မှ မောက္ခ

SHARE THIS
Previous Post
Next Post