နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းရာတွင် အသုံးများသည့်ဥပဒေများ

နိုင်ငံရေးအကျဉ်းသားများအား သိက္ခာချရာတွင်(သို့)နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းရာတွင် အသုံးများသည့်ဥပဒေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ မှတ်ချက်- လက်လှမ်းမီသလောက်ပြုစုထားခြင်းဖြစ်ပါသည်။ ယခုဇယားထဲတွင် မပါသည့် ပုဒ်မများနှင့် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများလည်းရှိနိုင်ပါသည်။
  • ဥပေဒ ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၊ ပုဒ်မ (၁၂၁၊၁၂၂(၁)၊၁၂၂(၂) ၊ စွဲဆိုချက်များ ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်ခြင်း ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်၊နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုပြစ်ဒဏ် ၊ အမြင့်ဆုံးထောင်ဒဏ် – သေဒဏ်(သို့)တစ်သက်တစ်ကျွန်းထောင်ဒဏ်
  • ဥပဒေ- ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၊ ပုဒ်မ- (၁၂၄၊၁၂၄(က)၊၁၂၄(ခ)၊ စွဲဆိုချက်များ – နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီး နှင့် ပတ်သက်၍ထိန်ချိန်ထားခြင်း ၊ အကြည်ညိုပျက်အောင်ပြုခြင်း ၊ ပြည်ထောင်စုနိုင်ငံ၏လုပ်ငန်းအဖွဲ့ကိုဖြစ်စေ ၊ ပြည်ထောင်စုအဖွဲ့ဝင်၏ လုပ်ငန်းအဖွဲ့ကိုဖြစ်စေ အနိုင်အထက်ဖြိုဖျက်စေရန်နှိုးဆော်ခြင်း ၊ အမြင့်ဆုံးထောင်ဒဏ်- ထောင်ဒဏ် ၇ နှစ် ၊ တစ်သက်တစ်ကျွန်း ၊ ၃ နှစ်
  • ဥပေဒေ- ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၊ ပုဒ်မ- ၁၄၃-၁၄၆ ၊ စွဲဆိုချက်များ – ဥပဒေနှင့်ဆန့်ကျင်သော စုဝေးခြင်းဆိုင်ရာပုဒ်မများ ၊ အမြင့်ဆုံးထောင်ဒဏ်များ – ထောင်ဒဏ် ၂ နှစ်
  • ဥပဒေ – ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၊ ပုဒ်မ- ၂၉၅ ၊၂၉၅(က) ၊စွဲဆိုချက်များ-လူတစားကိုးကွယ်သည့် ဘာသာသာသနကို စော်ကားရန်အကြံဖြင့် ကိုးကွယ်ဝတ်ပြုသည့်နေရာကို ဖျက်ဆီးခြင်း သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း။ အမြင့်ဆုံးထောင်ဒဏ်- ထောင်ဒဏ် ၂ နှစ်
  • ဥပဒေ- ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၊ ပုဒ်မ- ၅၀၅(ခ) ၊စွဲဆိုချက်များ – အများပြည်သူ၏အကျိုးပျက်စီးစေမှုကိုဖြစ်ပေါ်သောဖော်ပြချက်။အမြင့်ဆုံးထောင်ဒဏ်- ထောင်ဒဏ် ၂ နှစ်
  • ဥပဒေ- ၁၉၀၈ မတရားအသင်းအက်ဥပဒေ ၊ပုဒ်မ- ၁၇(၁)၊၁၇(၂) ၊စွဲဆိုချက်များ- မည်သူမဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့တည်းမဟုတ် ယင်းအသင်း၏အစည်းဝေး၌ပါဝင်ဆောင်ရွက်လျှင် (သို့တည်းမဟုတ်)ယင်းအသင်းအတွက် ၀င်ကြေးထည့်ဝင်၊ရယူ၊တောင်းခံလျှင်(သို့တည်းမဟုတ်)တနည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင်ကူညီလျှင် ၊ အမြင့်ဆုံးထောင်ဒဏ်-ထောင်ဒဏ် ၃ နှစ် ၊ ၅ နှစ်
  • ဥပဒေ-၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ၊ ပုဒ်မ- ၁၀(က) ၊၁၀(ခ) ၊ စွဲဆိုချက်များ- နိုင်ငံတော်အချုပ်ခြာအာဏာ နှင့်လုံခြုံရေးကိုထိပါးစေသူမည်သူမဆိုကို တရားရုံးအမိန့်ချမှတ်ခြင်းမရှိပဲ နေအိမ်အကျယ်ချုပ်အဖြစ်ထိန်းသိမ်းထားခြင်း၊ အမြင့်ဆုံးထောင်ဒဏ်- ၅ နှစ် ၊ နောက်ပိုင်းထပ်တိုးနိုင်
  • ဥပဒေ-၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပေဒေ ၊ပုဒ်မ-၅(ဃ)၊၅(ခ)၊၅(ည) ၊စွဲဆိုချက်များ- အများပြည်သူတို့အား(သို့)ပြည်သူတစ်စုအားအထိတ်အလန့်ဖြစ်စေရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင်(သို့)ယင်းသို့ဖြစ်စေရန်အကြောင်းရှိသော အမှုကိုပြုလျှင်-မမှန်ဟုသိလျှက်နှင့်(သို့)မမှန်ဟု ယုံကြည်လောက်အောင်အကြောင်းရှိလျှက်နှင့် မမှန်သတင်းလွှင့်ရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင်(သို့)ယင်းသို့ဖြစ်စေရန်အကြောင်းရှိသောအမှုကိုပြုလျှင် ပြည်ထောင်စု၏ လုံခြုံရေးကိုသော်၎င်း ၊ ငြိမ်ဝပ်ပိပြားမှုပြည်လည်ထူထောင်ရေးကိုသော်၎င်း ထိခိုက်စေရန်အကြောင်းရှိသောနည်းလမ်းဖြင့် အများပြည်သူများ၏(သို့)ပြည်သူတစ်စု၏ ကိုယ်ကျင့်တရားဖြစ်စေ၊အပြုအမူကိုဖြစ်စေ ဖောက်လဲဖောက်ပြန်ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခုလုပ်လျှင်(သို့)ယင်းသိုဖြစ်စေရန်အကြောင်းရှိသောအမှုကိုပြုလျှင် ၊ အမြင့်ဆုံးထောင်ဒဏ်- ထောင်ဒဏ် ၇ နှစ်
  • ဥပဒေ- ၂၀၀၄ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ၊ပုဒ်မ-၃၃(က)၊၃၃(ခ)၊၃၈၊စွဲဆိုချက်များ- အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာများကို အသုံးပြု၍ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသော အမှုပြုခြင်း ၊ နိုင်ငံတော်လုံခြုံရေး နှင့်ပတ်သက်သော သတင်းအချက်အလက်များပေးပို့ခြင်း ၊ လကံ္ခရယူခြင်း(သို့)ကြိုးပမ်းခြင်း၊အမြင့်ဆုံးထောင်ဒဏ်-၁၅ နှစ်
  • ဥပဒေ-၁၉၈၈ အသင်းအပင်းဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ ၆/၈၈ ၊ပုဒ်မ-၅၊၆၊၇ ၊ စွဲဆိုချက်များ- ၁၉၈၈ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရတရားဝင်မှတ်ပုံတင်ခြင်းမရှိသော အဖွဲ့အစည်းဖွဲ့စည်းခြင်း ၊ မတည်မငြိမ်ဖြစ်စေခြင်း ၊အဖွဲ့အစည်းဝင်ဖြစ်ခြင်းတို့မှတားမြစ်သောဥပဒေ၊အမြင့်ဆုံးထောင်ဒဏ်-ထောင်ဒဏ် ၅ နှစ်
  • ဥပဒေ-၁၉၉၆ ခုနှစ် အမျိုးသားညီလာခံအားနှောက်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်ဟန့်တားသည့်ဥပဒေ ၅/၉၆၊ပုဒ်မ-၃၊၄၊၅၊၆၊ စွဲဆိုချက်များ- အမျိုးသားညီလာခံကို နှောက်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်ဟန့်တားသည့်ဥပဒေ၊အမြင့်ဆုံးထောင်ဒဏ်-ထောင်ဒဏ် ၂၀ နှစ်
  • ဥပဒေ-၁၉၆၂ ခုနှစ်ပုံနှိပ်သူများ နှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ၊ပုဒ်မ-၁၇/၂၀ ၊စွဲဆိုချက်များ- ပုံနှိပ်စာအုပ်စာတမ်းအားလုံးမဖြန့်ဝေခင်စာပေစိစစ်ရေးအဖွဲ့ကို တင်ပြရမည် ၊ အမြင့်ဆုံးထောင်ဒဏ်-ထောင်ဒဏ် ၇ နှစ်
  • ဥပဒေ-၁၉၂၃ လျှို့ဝှက်လုပ်ငန်းဥပဒေ၊ပုဒ်မ-၃၊စွဲဆိုချက်များ- ရန်သူကို အကျိုးဖြစ်သော သတင်းအချက်အလက်များကိုဖြန့်ဝေသူများမည်သူမဆို၊အမြင့်ဆုံးထောင်ဒဏ်- ထောင်ဒဏ် ၁၄ နှစ်
  • ဥပဒေ-၁၉၉၆ ရုပ်မြင်သံကြား နှင့် ဗီဒီယိုဥပဒေ၊ပုဒ်မ-၃၂(ခ) ၊ စွဲဆိုချက်များ- စိစစ်ရေးမှ ခွင့်ပြုချက်မရဘဲ မိတ္တူကူးပွားခြင်း ၊ ဖြန့်ဖြူးခြင်း ၊ ဌားရမ်းခြင်း နှင့်ပြသခြင်းစသည်တို့ကိုပြုလုပ်ခြင်း ၊ အမြင့်ဆုံးထောင်ဒဏ်-၃ နှစ်
  • ဥပဒေ-၁၉၄၇ ခုနှစ်ပြည်သူလူထုငြိမ်ဝပ်ပိပြားမှုထိန်းသိမ်းဥပဒေ၊ပုဒ်မ- ——၊စွဲဆိုချက်များ- ငြိမ်းချမ်းရေး နှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းခြင်းဆိုင်ရာများ ၊ အမြင့်ဆုံးထောင်ဒဏ်- ၅ နှစ်
  • ဥပဒေ-၁၈၇၈ လက်နက်အက်ဥပဒေ ၊ ပုဒ်မ- ——၊ စွဲဆိုချက်များ- ခွင့်ပြုချက်မရှိပဲ လက်နက်များထုတ်လုပ်ခြင်း ၊ လဲလှယ်ခြင်း၊ရောင်းဝယ်ဖောက်ကားခြင်း၊တိုင်းပြည်တွင်းသို့တင်သွင်းခြင်း ၊တိုင်းပြည်မှတင်ပို့ခြင်း ၊ ပြောင်းရွှေ့သယ်ဆောင်ခြင်း ၊ ကိုင်ဆောင်ခြင်း၊ပိုင်ဆိုင်ခြင်း ၊ အမြင့်ဆုံးထောင်ဒဏ်- ထောင်ဒဏ် ၇ နှစ်
  • ဥပဒေ-၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်မှုအက်ဥပဒေ၊ပုဒ်မ——– ၊စွဲဆိုချက်များ- မြန်မာနိုင်ငံပြင်ပအပါအ၀င် ပြည်သူပိုင်ပစ္စည်းများအားခွင့်ပြုချက်မရှိပဲ ရယူအသုံးပြုခြင်း နှင့်ဆိုင်ရာများ၊ အမြင့်ဆုံးထောင်ဒဏ်- ထောင်ဒဏ် ၇ နှစ်
  • ဥပဒေ-၁၉၃၁ ခုနှစ်ပုံနှိပ်လုပ်ငန်း၊စာနယ်ဇင်းနှင့်ရေဒီယိုရုပ်မြင်သံကြား၊သတင်းဌာနအက်ဥပဒေ(အရေးပေါ်အာဏာများ)၊ပုဒ်မ-၁၇ ၊ စွဲဆိုချက်များ- တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် သတင်းစား ၊ သတင်းလွှာများ တရားမ၀င်ပုံနှိပ်စက်အသုံးပြုကာ ထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာများ၊ အမြင်ဆုံးထောင်ဒဏ်- ထောင်ဒဏ် ၆ လ
  • ဥပဒေ-သွင်းကုန်ထုတ်ကုန်လုပ်ငန်းအက်ဥပဒေ၊ ပုဒ်မ-ပုဒ်မ၅(၁)၊စွဲဆိုချက်များ- ထုတ်ကုန်သွင်းကုန် အက်ဥပဒေမှ ကန့်သတ်ထားသည်များအားရယူ ၊ ကိုင်ဆောင် အသုံးပြုခြင်းဆိုင်ရာများ၊ အမြင်ဆုံးထောင်ဒဏ်များ- ထောင်ဒဏ် ၇ နှစ်
တို့ဖြစ်ကြပါသည်။
နိုင်ငံေ၇းအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)
ဆက်သွယ်ရန်
ကိုတိတ်နိုင်(အတွင်းရေးမှူး) +၆၆(၀)၈၁ ၂၈၇၈၇၅၁
ကိုဘိုကြည်(တွဲဖက်အတွင်းရေးမှူး) +၆၆(၀) ၈၁ ၉၆၂ ၈၇၁၃

Hot News

SHARE THIS
Previous Post
Next Post