ပုဒ်မ၁၈ အမိန့်ကျသူများ သတင်းစာရှင်းလင်းပွဲ


လက်ပံတောင်းတောင် ဒေသ သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲမှုကြောင့် သံဃာတော်များ မီးလောင် ထိခိုက်ဒါဏ်ရာရ ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြကြသော သံဃာတော်များစီတန်း လှည့်လည်မှုတွင် ပါဝင် ကူညီခဲကြသော ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်)မှ ကော်မတီဝင် ကိုသန်းထိုက်၊ ကိုမင်းနိုင်လွင် ၊ ကိုအောင်မှိုင်းဆန်းနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့မှ ကိုသိန်းအောင်မြင့် တို့ (၄)ဦး တို့အား ပုဒ်မ(၁၈)ဖြင့် တရား စွဲဆိုထားရာ ယနေ့ ၁၈-၁-၁၃ နေ့တွင် ချမ်းမြသာစည် မြို့နယ် တရားရုံးတွင် အမိန့်ချသည်။ အမိန့်မှာ အလုပ်ကြမ်းနှင့် ထောင်ဒါဏ်(၁)လ ကျခံစေဟု ဖြစ်ပြီး စွဲဆိုခံရသူတို့မှာ သအချုပ်နှောင်ခံထားရသည်မှာ ရက်ပေါင်း(၃၅)ရက်ရှိပြီ ဖြစ်သဖြင့် ရုံးတော် မှပင် ပြန်လည် (ကျ/လွတ်) လွတ်မြောက်ခဲ့သည်။ ထို့နောက် ညနေ(၃း၃၀)အချိန်တွင် ဘုရားကြီး ရေတော်တိုက်တွင် သတင်းမီဒီယာများ ဖိတ်ကြား၍ ပုဒ်မ(၁၈)ဖြင့် ထိမ်းသိမ်းခံရခြင်းနှင့် စပ်လျဉ်းပြီး မေးမြန်းမှုများကို ဖြေကြား ရှင်းလင်းခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး ကော်မတီ ဗကသများ အဖွဲ့ချုပ် ( အထက်ဗမာပြည် လုပ်ငန်းကော်မတီ) မှ ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်လုပ်ငန်းကော်မတီ)

SHARE THIS
Previous Post
Next Post