ရန်ကုန်၊ ဇန်နဝါရီ၊ ၁၈။
ဦးဝိစာရလမ်းပေါ်ရှိ မြေနီကုန်းဈေးမှ ဈေးသည်များအား ယာယီဖယ်ခိုင်းပြီးနောက် မြေရောင်းစားသောကိစ္စတွင် ဦးတေဇပါဝင်နေသောကြောင့် ယင်းပြဿနာအား မဖြေရှင်းပါက ဂုဏ်သိက္ခာထိခိုက် နိုင်သဖြင့် ဖြေရှင်းပေးရန် ၈၈မျိုးဆက်
ကျောင်းသားများအဖွဲ့မှ ကိုဥာဏ်လင်းက မေတ္တာရပ်ခံ
ပြောကြားသည်။
၁၉၉၅ခုနှစ် မတ်လ၂၅ရက်တွင် ရန်ကုန်မြို့တော်စည်ပင် ဈေးများဌာန ၊ဌာနမှူး ဗိုလ်ကြီးကျော်ရှိန်နှင့် ဌာနစုမှူး ဗိုလ်ကြီးခင်ဝင်းတို့က ယင်းမြေနီကုန်းဈေးအား အဆင့်မြင့်ဈေး ပြုလုပ်ပေးမည်ဟုဆိုကာ
ဈေးသည်များအား ၃ရက်အတွင်း ယာယီဈေးသို့ ရွှေ့ပြောင်းခိုင်းခြင်း
ဖြစ်ကြောင်း ဈေးမိဈေးဖ ဥက္ကဋ္ဌ ဒေါ်မြမြက ပြောကြားသည်။
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဥာဏ်လင်းက" အသွင်
ကူးပြောင်းရေး ကာလမှာ သူ့ကိုယ်သူ ဂုဏ်သိက္ခာ ပြန်လည် တည်ဆောက်နေတဲ့ လူတစ်ယောက်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒီကိစ္စမှာလည်း သူ့ဂုဏ်သိက္ခာ ထိခိုက်နိုင်တဲ့
အတွက် ၊ ဒီကိစ္စကိုသူတို့ အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးရင်
ပြေလည်နိုင်တဲ့အနေအထား ရှိပါတယ်။ ဦးတေဇအနေနဲ့ ဒီကိစ္စကို
ပြန်ပြီးဆောင်ရွက်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုချင်ပါတယ်။
မေတ္တာရပ်ခံချင်ပါတယ်။ ဈေးသူဈေးသားတွေအတွက်ပါ "
ဟု ပြောကြားသည်။
အဆိုပါမြေကွက်အား ဦးတေဇသည် သိန်းပေါင်း၁၈၆၄၃.၆၈သိန်းဖြင့် (၂၂.၁.၂၀၀၇)ရက်စွဲဖြင့် အမည်မဖော်ပြထားသူများ ထံမှ ဝယ်ယူထားကြောင်းနှင့်(၂၅.၁၁.၂၀၀၈)ရက်စွဲဖြင့် နှစ်(၆၀) မြေငှားဂရန်
အမည်ပေါက် ရထားကြောင်းလည်း စချုပ်စာတမ်းများအရ သိရသည်။
ယခုလက်ရှိ ဈေးရောင်းချ လျက်ရှိသော သံလွင်ဈေး
(ယာယီမြေနီကုန်းဈေး)အား အဆင့်မြင့်ဈေး ဆောက်ပေးမည်ဟုဆိုကာ ရန်ကုန်မြို့တော်စည်ပင် ဈေးများဌာနက ဈေးသူဈေးသားများအား အစည်းဝေးခေါ်ယူ၍ ညှိနှိုင်းပြောဆိုထားကြောင်းလည်း သိရသည်။
ဈေးသည်များသည်လည်း ၁၉၉၅ခုနှစ်ကပင် အဆင့်မြင့်ဈေး လိုချင်သောကြောင့် ဖယ်ပေးခဲ့ကြခြင်ဖြစ်ပြီး ယခုအချိန်ထိ ဦးဝိစာရလမ်းပေါ်ရှိ မူလမြေနီကုန်းဈေးနေရာ၌ပင် အဆင့်မြင့်ဈေးဖြင့် ရောင်းချလိုကြခြင်း ဖြစ်ကြောင်း
ဈေးသူဈေးသားများက ပြောကြားသည်။
အောင်သိုက်
မှ The Myanma Age
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
