ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မြန်မာ့အရေးပြောမယ့် ဒုသမ္မတ

Tuesday, January 22, 2013

ဒုသမ္မတဦးဉာဏ်ထွန်းက လာမယ့် နာရီပိုင်းအတွင်း အစပြုမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ရဲ့ ၂၀၁၃ နှစ်ပတ်လည် ဆွေးနွေးပွဲ သွားတက်ဖို့ အသင့်ဖြစ်နေပါပြီ။

ဆွေးနွေးပွဲပြုလုပ်မယ့် နေရာက ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် ဖြစ်ပါတယ်။ မနက်ဖြန်ကနေစပြီး ၅ ရက်ကြာ ကျင်းပမှာပါ။

ဦးဉာဏ်ထွန်းက ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ လော နိုင်ငံတို့က ထိပ်တန်းခေါင်းဆောင်များနဲ့အတူ ဖိုရမ်ရဲ့ Resilience in Diversity ကဏ္ဍမှာ ၀င်ရောက် ဆွေးနွေးမယ်လို့ သိရပါတယ်။

နိုင်ငံရေးသမားတွေချည်းပဲ ... ပျင်းစရာကောင်းလိုက်တာလို့ မထင်ပါနဲ့၊ သူတို့နဲ့အတူ ပူးတွဲဆွေးနွေးမှာကတော့ CNN အာရှဒေသဆိုင်ရာ အယ်ဒီတာတယောက်ဖြစ်တဲ့ Ellana Lee ဆိုတဲ့ အမျိုးသမီးပါ။

ဒီကဏ္ဍ ဆွေးနွေးမှုများအတွက် အင်္ဂလိပ်၊ မြန်မာ၊ လောဘာသာ တို့ကို တိုက်ရိုက်ဘာသာပြန်ပေးဖို့ စီစဉ်ထားကြောင်း WEF အွန်လိုင်းမှာ
ရေးထားပါတယ်။

သူတို့ ဦးဆောင် ဆွေးနွေးမယ့် ကဏ္ဍမှာ အကြောင်းအရာ ၃ ခု ရှိပါတယ်။ အဲဒါတွေကတော့ -

မြန်မာပြည်အသွင်ကူးပြောင်းရေးကို ထောက်ခံအားပေးရေး နဲ့ နောက်
၂ ခုကတော့ စီးပွားရေး နဲ့ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးမြှင့်ရေးတို့ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး ဖိုရမ် သွားတက်ဖို့ ဒုသမ္မတဦးဉာဏ်ထွန်း ဒီကနေ့ နေပြည်တော်ကနေ ထွက်ခွာမယ်လို့ သိရပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတခုကို ဒေါ်အောင်ဆန်းစုကြည် မကြာသေးမီက တက်ရောက်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့စီးပွားရေးဖိုရမ်က မြန်မာတို့နဲ့ သိပ်မစိမ်းပါဘူး။

ဇွန်လပိုင်းရောက်ရင် ဖိုရမ်ရဲ့ အရှေ့အာရှဆိုင်ရာ ဆွေးနွေးပွဲကို
မြန်မာပြည်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီဖိုရမ်နဲ့ မြန်မာပြည် ပိုပြီး
ရင်းနှီးမှု ရလာတော့မှာပါ။

ဒါကြောင့် မကြာခင်လပိုင်းအတွင်း နေပြည်တော် သို့မဟုတ် ရန်ကုန်မှာ ပြုလုပ်မယ့်ဖိုရမ်ကို တက်ဖို့ နိုင်ငံတကာဧည့်သည်ပေါင်း ရာထောင်ချီ ရောက်လာမှာ ဖြစ်ပါတယ်။

လတ်တလော ဆွစ်ဇာလန်သွားမယ့် ဦးဉာဏ်ထွန်း ဘယ်သူလဲ ဆိုတာကို WEF အွန်လိုင်းမှာ အခုလို တွေ့ရမှာပါ။

1974, BSc (DSA);
1983, Higher Grade Pleader;
1984, Registered Lawyer;
1987, International Officer Candidate Course, Naval Education and Training Center (NETC), Newport, Rhode Island, USA;
1987, English Language Course, Defense Language Institute, Lackland AFB, Texas, USA;
2003, MA in Defence Studies.
1974, Commissioned Officer, Myanmar Navy;
served in various capacities within naval bases and battle ships;
2004, Chief-of-Staff, Navy;
2008, Admiral, Commander-in-Chief, Navy;
since 2012, Vice-President of Myanmar. Recipient of decorations: Tharay Sithu Title; Myanmar Military Service Thingaha Medal.

ဧရာဝတီ

SHARE THIS
Previous Post
Next Post