FA မှ ပြစ်ဒဏ်ခံရဖွယ်ရှိသည့် ဖာဂူဆန်

ကိုဒေ(မြစ်မခ)
by Myit Makha Mediagroup on 22 Jan, 2013


မန်ချက်စတာယူနိုက်တက်မန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်အနေဖြင့်  ပြီးခဲ့တဲ့  စပါးအသင်းအိမ်ကွင်းတွင် ကစားခဲ့စဉ်က ရသင့်သည့် ပယ်နယ်တီ မပေးခဲ့သော စည်းကြပ်ဒိုင်ကို ဝေဖန်ခဲ့မှုကြောင့် FAမှ ပြစ်ဒဏ်ပေးခံရဖွယ်ရှိကြောင်း သိရသည်။
 
 “ မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်ကို မန်ယူ-စပါးပွဲ အပြီးမှာ မီဒီယာတွေကို ပြောခဲ့တဲ့ စကားတွေနဲ့ပတ်သက်လို့ ဆက်သွယ်ခဲ့ပြီးပါပြီ ” FA မှ တာဝန်ရှိသူက ပြောသည်။
 
အထက်ပါကိစ္စတွင် ဖာဂူဆန်အနေဖြင့် စည်းကြပ်ဒိုင် ဆိုင်မွန်ဘက်ကအား စပါးကစားသမားကော်လူကာမှ ၀ိန်းရူနီအပေါ် ပင်နယ်တီဧရိယာအတွင်း (၆၃)မိနစ်၌ ကြမ်းတမ်းစွာကစားခဲ့သည့်အပေါ်တွင် ပြစ်ဒဏ်မပေးခဲ့သည့်အတွက်   ဝေဖန်ခဲ့ခြင်း ဖြစ်သည်။
 
 “ ဒါဟာ လုံးဝသေချာတဲ့ ပယ်နယ်တီပြစ်ဒဏ်ရိုနီကို ကျူးလွန်တာပါပဲ။ဒါပေမယ့် လိုင်းမန်းကတော့ လုံးဝမပေးခဲ့ပါဘူး “ ဟု ဖာဂူဆန်က ပြောသည်။
 
ဒိုင်က စပါးဖက်ကို မျက်နှာလိုက်တယ်။ ဒီ ဒိုင်နဲ့အရင်တုန်းကလည်း အဆင်မပြေခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းက ဒရော့ဘာ ၃ ကိုက်လောက် လူကျွံနေတာကို သူပဲ ဘာမှမပြောခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ် “ ဟုလည်း ဖာဂူဆန်က ဆက်ပြောသည်။
 
ပြီးခဲ့သည့် ၂၀၁၁ မတ်လ အတွင်း  မန်ယူ-ချယ်ဆီး ပွဲအပြီး၌  ဖာဂူဆန်အနေဖြင့် မာ့က်အက်ကင်ဆန်၏ ဂုဏ်သိက္ခာ အတွက် မေးခွန်းထုတ်မှုနှင့်ပတ်သက်၍  ပွဲ ၅ပွဲ ကြီးကြပ်ခွင့် အပိတ်ခံရပြီး ပေါင် ၃၀,၀၀၀ ဒဏ်ငွေ အရိုက်ခံခဲ့ရသည်။
 
ယခုရာသီ၌လည်း နယူးကာဆယ်နှင့်ပွဲအပြီးတွင် ဒိုင် မိုက်ဒင်း၊ဂျိတ် ကောလင်းနဲ့ နီးလ်စွာဘရစ် တို့ကို ဝေဖန်ခဲ့ သော်လည်း ပြစ်ဒဏ်အပေးမခံရပဲ လွတ်မြောက်ခဲ့ကြောင်းကိုလည်း သိရသည်။
 
စပါးအိမ်ကွင်း၌ ကစားခဲ့သည့်ပွဲတွင် ဗန်ပါစီ၏ အစောပိုင်းဂိုးနှင့်သာ  အနိုင်ရခဲ့ပါက EPL အမှတ်ပေးဇလား၌ ၇ မှတ် အသာနှင့် ဦးဆောင်နိုင်မည်ဖြစ်သော်လည်း ဒန်ဆေး၏  ပွဲပြီးခါနီးသွင်းယူသည့် ချေပဂိုးကြောင့် သရေကျကာ ဒုတိယနေရာမှ မန်စီးတီးနှင့် ၅ မှတ်သာ ကွာတော့သည်။
 


SHARE THIS
Previous Post
Next Post