ရခိုင်ပြည်နယ် ရွှေ့ပြောင်း ဒုက္ခသည်များ နေထိုင် စားသောက်ရေး ညှိနှိုင်းဆွေးနွေး အင်ဒိုနီးရှား နိုင်ငံမှ အမေရိကန် ဒေါ်လာတစ်သန်း ထောက်ပံ့ ပေး အပ်မည်

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် အင်ဒိုနီးရှား သမ္မတ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E.Dr. R.M. Marty M. Natale- gawa နှင့် အဖွဲ့ဝင် များသည် ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီက တွေ့ဆုံ၍ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေ များနှင့် ပျက်စီး ဆုံးရှုံးမှုများ၊ ရွှေ့ပြောင်း ဒုက္ခသည် များ၏ နေထိုင် စားသောက် ရေးနှင့် ရှေ့ဆက် ဆောင်ရွက်မည့် ပြန်လည် ထူထောင်ရေး အစီအစဉ် များကို ညှိနှိုင်း ဆွေးနွေးရာ ဧည့်သည်တော် အင်ဒိုနီးရှား နိုင် ငံ နိုင်ငံခြားရေး ဝန်ကြီးက မိမိသည် မြန်မာနိုင်ငံ ၏ မိတ်ဆွေတစ်ဦး အနေဖြင့် မြန်မာ အစိုးရ၏ လုပ်ဆောင်ချက် များကို အစဉ်အမြဲ ထောက်ခံ အားပေးပါကြောင်း၊ ဤခရီးစဉ်တွင် မြန်မာ နိုင်ငံ၏ အခြေအနေ များကို ပိုမိုနားလည် သဘော ပေါက်ခွင့် ရရှိပါကြောင်း၊ အထူးသဖြင့် လူသားချင်း စာနာ ထောက်ထားမှု အရနှစ်ဖက် လူ့အဖွဲ့ အစည်း ရွှေ့ပြောင်း ဒုက္ခသည် များ၏ လက်ငင်း လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန် အတွက် လာရောက်ခြင်း ဖြစ်၍ အခြေခံ လိုအပ်ချက် ဖြစ်သည့် စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့် အလမ်းများ ပေါ်ပေါက်ရေး စသည့် ကိစ္စရပ် များကို ညှိနှိုင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ကြုံတွေ့နိုင်သည့် စိန်ခေါ်မှု များကို ပူးပေါင်းဖြေရှင်း သွားရမည် ဖြစ်ပါကြောင်း၊ အင်ဒိုနီးရှား နိုင်ငံမှ အထောက်အပံ့ အဖြစ် အမေရိကန် ဒေါ်လာတစ်သန်း ပေးအပ်သွားရန် ရှိပါကြောင်း၊ ၎င်းအပြင် ထပ်မံ လိုအပ်ချက် များကိုလည်း ညှိနှိုင်းဆောင် ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အင်ဒိုနီးရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင် များသည် မင်းဂံ တိုင်းရင်းသား ရွှေ့ပြောင်း ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိပြီး မိသားစုဝင် များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ စခန်းအတွင်း လှည့်လည်ကြည့်ရှု ကြကြောင်း သိရ သည်။ http://www.myawady.net.mm/allnews/localnews/item/4088-2013-01-11-08-40-47 မြ၀တီ

SHARE THIS
Previous Post
Next Post