လူ့အသက်ကို လောင်းကြေးလုပ်တဲ့ ထိုင်ဝမ်

နောက်ဆုံးအခြေအနေ ရောက်နေတဲ့ ကင်ဆာဝေဒနာရှင် တွေကို ဘယ်လောက်ကြာအထိ အသက်ဆက်ရှင်မယ် မရှင်ဘူးဆိုတာကို လောင်းကစားအဖြစ် ပြုလုပ်နေတဲ့ သတင်းကို ထိုင်ဝမ် Next Magazine မှာ စိတ်မကောင်းစွာ အံ့အားတသင့် ဖတ်လိုက်ရပါတယ်။ ထိုင်ဝမ်နိုင်ငံ ထိုက်ကျုံးအရှေ့ပိုင်းက Shijia East လမ်းမှာ အထက်ဖော်ပြသလို လောင်းကစားမျိုးကို လုပ်ကိုင်နေကြပါတယ်။ မီတာ ၂၀၀ လောက်သာရှည်လျားတဲ့ အဲဒီလမ်းမှာ သေခါနီး ကင်ဆာဝေဒနာရှင်ရဲ့ မိသားစုဝင်တွေရဲ့ သဘောတူညီချက်ယူထားပြီး မိသားစုဝင်များ၊ ဆရာဝန်များ၊ အာမခံကုမ္ဂဏီ အေးဂျင့်များ၊ လူဆိုးဂိုဏ်းဝင်များ ပါ လူနာက ဘယ်အချိန်မှာ သေမလဲဆိုတာကို လောင်းကစားနေကြတယ်လို့ ဆိုပါတယ်။ အဲဒီလမ်းလေးမှာ လောင်းကစားဒိုင် ၁၀ ဦးခန့် ရှိပြီး လောင်းကြေးငွေပမဏ စုစုပေါင်း တရုတ်ယွမ်ငွေ ၁ ဘီလျှံ ရှိတယ်လို့ ပြောပါတယ်။ ကုသလို့မရတော့ဘဲ လက်လွတ်ထားရတဲ့ ကင်ဆာဝေဒနာရှင် ရဲ့ ဆင်းရဲတဲ့မိသားစုဝင်တွေ နဲ့ အကျင့်ပျက် ဆရာဝန်တွေကပါ လောင်းကစားသူ ဖြစ်နေပါတယ်။ Next Magazine သတင်းမှာ ဖော်ပြထားတဲ့ လောင်းကစားစည်းကမ်း က အကယ်၍ လူနာက ၁ လ နဲ့ ၆ လ အတွင်း သေဆုံးခဲ့ရင် ထိုးသားက လောင်းကြေးရဲ့ ၃ ဆ ကိုရရှိပြီး သေဆုံးသူရဲ့ မိသားစုတွေက ၁၀% ရပါတယ်။ အကယ်လို့ ၁ လအတွင်းမှာ သေဆုံးခဲ့ရင် အလျော်အစား မရှိပါ။ ၆ လကျော်ပြီးမှ သေဆုံးခဲ့ရင် နိုင်ပြီးရမဲ့ငွေ လျော့နည်းသွားကာ ၁ နှစ်ကျော်လွန်မှ သေဆုံးခဲ့ရင်တော့ ထိုးတဲ့လူက ငွေအားလုံးရှုံးပါတယ်။ ပိုပြီး ရီစရာကောင်းတာက ဆရာဝန်တွေကိုယ်တိုင် လူနာအခြေအနေကိုကြည့်ပြီး လောင်းကြေးထိုးတဲ့သူတွေကို အကြံပေးကြတယ်လို့ သိရပါတယ်။ from thit htoo lwin

SHARE THIS
Previous Post
Next Post
January 11, 2013 at 8:25 PM

ဒီကောင်တွေ လူတွေရော ဟုတ်ရဲ့လားပဲ.....
လူသားလည်း စားတယ်....။
လူသေမသေလည်း လောင်းတယ်..
ဘုရား... ဘုရား... တစ်ကောင်မှ မြန်မာပြည်ရောက်မလာပါစေနဲ့

Reply
avatar