မြန်မာနိင်ငံမှ တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးများ၏ လူသိနည်းသည့် အချက်(၈)ချက်

၁။ စက္ကန် တိုင်း မြန်မာငွေ ၃.၄၇ ကျပ်ဝင်ငွေရှိပြီး ၁ ရက်တာ ကာလအတွက် မြန်မာငွေ ၅၀၀၀ ကျပ်ရှိပြီး တနှစ်တာ ၀င်ငွေအတွက် ၁၈သိန်းရှိသည်။ ၂။ အကယ်၍ သူသည် မြန်မာငွေ ၁၀ တန် ပြုတ်ကျသွားခဲ့သည် ဆိုပါလျှင် ဘယ်တော့ မှ ပြန်ကောက်လိမ့် မည်မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် အဆိုပါ ပြန်လည်ကောက်ယူမည့် အချိန် ၄ စက္ကန့်  အတွင်းပင်သူသည် မြန်မာငွေ ၁၃ ကျပ် ပြန်လည်ရရှိခဲ့ပြီး ဖြစ်သောကြောင့်တည်း။ ၃။ မြန်မာနိုင်ငံ၏ ဘောလုံးကလပ် ဇေယျာရွှေမြေ မှ ဘောလုံးသမား ကျော်ကိုကို၏ ရန်ကုန်ုယူနိုက်တက်သို့ ပြောင်းရွှေ့ကြေးသည် အကယ်၍ သိန်း တစ်ထောင့်ငါးရာဖြစ်ခဲ့ ပါမူ… အဆိုပါ တန်ကြေးရရှိရန် ၈၅ နှစ် မစားမ သောက်ရပဲ နေရမည်ဖြစ်သည်။ ၄။ သူတို့ ပိုင်ဆိုင်သော ၁ လတာ ၀င်ငွေဖြင့် ၁၀၀ တန် နေကြာစေ့ထုတ်များ ၀ယ်ကျွေးလျှင် လူပေါင်း ၁၅၀၀ သာ ကျွေးနိုင်မည် ဖြစ်သည်။ ၅။ အကယ်၍ သူတို့ ၏ ၁ ရက်တာ ပိုင်ဆိုင်မှု ၅၀၀၀ အား ရန်ကုန်မြို့ တွင် Taxi စီးပါက မြောက်ဒဂုံနှင့် ရွှေတိဂုံအား အသွားတကြောင်းနှင့် အပြန် အတွက် ၁၀၀၀ ကျပ် အကြွေတင်မည် ဖြစ်သည်။ ၆။ အကယ်၍ ရတနာပုံ ယူနိုက်တက်တွင် ကစားနေသော ဘောလုံးကစား သမား ရန်ပိုင်၏ ၁ လတာ ၀င်ငွေ ၁၅ သိန်း အား မှီရန်အတွက် ၁၀ လ မစား မသောက်ပဲ စုရန်လိုသည်။ ၇။ ၁ လတာ ရရှိသော လစာအား ယူနီဖောင်း ၃ သောင်းတန်ချုပ်မည်ဆိုပါက ၅ စုံသာ ရမည် ဖြစ်သည်။ ၈။ သို့ရာတွင် မိန်းမရှိသော သူများအဖို့  သူတို့ ရရှိသော လစာသည် ဇနီးသည် အား အပ်နှံရသည်ဆိုပါ က လစာထုတ်ပြီးပြီးခြင်း အကုန်ပြောင် လေသည်။ (ပုံရိပ်စစ်)

SHARE THIS
Previous Post
Next Post