ကိုရီးယားပေါ့ဂီတအကျော်အမော် RAIN စစ်မှုထမ်းခြင်းကို မထီမဲ့မြင်ပြုသဖြင့် အရေးယူခံရဖွယ်ရှိ

ကိုရီးယားပေါ့ဂီတအကျော်အမော် RAIN စစ်မှုထမ်းခြင်းကို မထီမဲ့မြင်ပြုသဖြင့် အရေးယူခံရဖွယ်ရှိ တောင်ကိုရီးယား ပေါ့ဂီတ အကျော်အမော် Rain သည် ရုပ်မြင် သံကြားထိပ်တန်းသရုပ်ဆောင် မင်း သမီးတစ်ဦးနှင့် အချစ် ဇာတ်လမ်း ရှိနေကြောင်း သတင်းများပေါ်ထွက်လာပြီး နောက် ဥပဒေအရ စစ်မှု ထမ်းရမည့် ဝတ္တရားကို မထီမဲ့မြင်ပြုသည်ဆိုကာ အရေးယူ ခံရမည့် အခြေအနေသို့ ရောက် ရှိနေသည်။ Rain နှင့် မင်းသမီး ကင်မ်တေ ဟီး တို့၏ ဇာတ်လမ်းကို ဂျပန်နိုင်ငံတွင် ဆက်တိုက်ဖော်ပြခဲ့ ကြပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့က ပေါ်ပင်မဂ္ဂဇင်း တစ်စောင်တွင် ဖော်ပြခြင်းခံခဲ့ ရာမှ ဖျော်ဖြေရေးဝက်ဘ်ဆိုက်နှင့် လူမှု ရေးနက်ဝပ်ခ်များပေါ်တွင် တရစပ် ဝေဖန်ရေးသားကြသည်အထိ ဖြစ်သွားသည်။ မဂ္ဂဇင်းက အသက် ၃၂ နှစ်ရှိ မင်းသမီးကင်မ်သည် ခွဲစိပ်ဆရာဝန်များ အသုံးပြုသည့် ဦးထုပ်နှင့်မျက်နှာဖုံး ကို ဝတ်ဆင်ပြီး Rain မောင်းနှင်သော ကားအတွင်းသို့ လှမ်းဝင်နေသည့် ဓာတ်ပုံများကို ဖော်ပြခဲ့သည်။ ယခုအခါ စစ်မှုမထမ်းမနေရဟူသော ကိုရီးယားအမျိုးသားများအတွက် ပြဋ္ဌာန်းထားသော ဥပဒေအရ Rain သည် နှစ်နှစ်စစ်မှုထမ်းရာတွင် သက်တမ်းထက်ဝက်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူတို့နှစ်ဦးသည် တစ်ဦးအပေါ်တစ်ဦး စွဲစွဲလမ်းလမ်းဖြစ်နေကြပြီး တစ်လနီး ပါးမျှကြာအောင် ချိန်းတွေ့နေကြသည်မှာ မှန်ပါသည်ဟု မင်းသမီးကင်မ်၏ အေးဂျင့်ဖြစ်သူက ပြောကြားသည်။ Ref; AFP

SHARE THIS
Previous Post
Next Post