ရှေ့တန်းစစ်ဆင်ရေးနယ်မြေမှ နောက်တန်းသို့ပြန်ဝင်လာသည့် အစိုးရတပ်ဖွဲ့ဝင်များမိုင်းဆွဲတိုက်ခိုက်ခံရ

Sunday, January 20, 2013


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ကေအိုင်အိုဥက္ကဌ ဦးဇောင်းဟရား ထံကို တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် ကမ်းလှမ်းစာပေးပို့ပြီး ၂၄နာရီအတွင်း ကချင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေးနယ်မြေမှ မံစီမြို့သို့ပြန်လည်ဝင်ရောက်လာသည့် အစိုးရတပ်ဖွဲ့ဝင်များအားဇန်န၀ါရီလ ၁၉ ရက် ည ၈နာရီခန့်က ကချင်ပြည်နယ်မံစီမြိုအနီးတွင် KIA အဖွဲမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် နှစ်ဦးသေဆုံးပြီး သုံးဦးဒါဏ်ရာရှိခဲ့ကြောင်း မံစီမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှတာဝန်ရှိသူတစ်ဦးမှပြောဆိုခဲ့သည်။
အစိုးရမှ KIO အဖွဲ့နှင့်အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင်ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ကာ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှလည်း ကေအိုင်အိုအဖွဲ့သို့ ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ဆက်လက် ကမ်းလှမ်းထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက KIO အဖွဲ့နှင့်တွေ့ဆုံညှိနှိုင်း ဆွေးနွေးရေးအတွက်
ကမ်းလှမ်းသည့်စာကို KIO ဥက္ကဌ ဦးဇောင်းဟရား ထံသို့ လိပ်မူပြီုး ဇန်န၀ါရီလ ၁၉ ရက်တွင် စာတစ်စောင်ပေးပို့ထားကြောင်းလည်းသိရှိရသည်။
အစိုးရမှ KIO အဖွဲ့နှင့်အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက် ကြေငြာချက် ထုတ်ပြန်အပြီး တွင်ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၄နာရ်ီမှ ကိုးနာရီ အထိ ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်းကို ကေအိုင်အေ တပ်ဖွဲ့ဝင် များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့်
ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး ပြီး အဆောက်အဦများအားမီ၇ှိ့ဖျက်ဆီးသွားကြောင်းသိရှိရသည်။ ထို့ပြင်၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ဗန်းမော်- လွယ်ဂျယ်ကားလမ်း မိုင်တိုင် ၂၇တွင် ခရီးသည်တင်ကားများ အား KIA အဖွဲ့မှကြီးကြပ်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရ၇ှိသည်။

ဌေးဝင်း(ဗန်းမော်)

အစိုးရမှ KIA နှင့်ပတ်သက်ပြီးငြိမ်းချမ်းရေးဆွေးနွေးရန်ကြေငြာအပြီး ၂ ရက်အတွင်း ရှေ့တန်းစစ်ဆင်ရေးနယ်မြေမှ နောက်တန်းသို့ပြန်ဝင်လာသည့် အစိုးရတပ်ဖွဲ့ဝင်များမိုင်းဆွဲတိုက်ခိုက်ခံရ
Sunday, January 20, 2013


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ကေအိုင်အိုဥက္ကဌ ဦးဇောင်းဟရား ထံကို တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် ကမ်းလှမ်းစာပေးပို့ပြီး ၂၄နာရီအတွင်း ကချင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေးနယ်မြေမှ မံစီမြို့သို့ပြန်လည်ဝင်ရောက်လာသည့် အစိုးရတပ်ဖွဲ့ဝင်များအားဇန်န၀ါရီလ ၁၉ ရက် ည ၈နာရီခန့်က ကချင်ပြည်နယ်မံစီမြိုအနီးတွင် KIA အဖွဲမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် နှစ်ဦးသေဆုံးပြီး သုံးဦးဒါဏ်ရာရှိခဲ့ကြောင်း မံစီမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှတာဝန်ရှိသူတစ်ဦးမှပြောဆိုခဲ့သည်။
အစိုးရမှ KIO အဖွဲ့နှင့်အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင်ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ကာ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှလည်း ကေအိုင်အိုအဖွဲ့သို့ ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ဆက်လက် ကမ်းလှမ်းထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက KIO အဖွဲ့နှင့်တွေ့ဆုံညှိနှိုင်း ဆွေးနွေးရေးအတွက်
ကမ်းလှမ်းသည့်စာကို KIO ဥက္ကဌ ဦးဇောင်းဟရား ထံသို့ လိပ်မူပြီုး ဇန်န၀ါရီလ ၁၉ ရက်တွင်  စာတစ်စောင်ပေးပို့ထားကြောင်းလည်းသိရှိရသည်။
 အစိုးရမှ KIO အဖွဲ့နှင့်အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက် ကြေငြာချက် ထုတ်ပြန်အပြီး တွင်ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၄နာရ်ီမှ ကိုးနာရီ အထိ ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်းကို ကေအိုင်အေ တပ်ဖွဲ့ဝင် များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့်
ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး ပြီး အဆောက်အဦများအားမီ၇ှိ့ဖျက်ဆီးသွားကြောင်းသိရှိရသည်။ ထို့ပြင်၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်  ဗန်းမော်- လွယ်ဂျယ်ကားလမ်း မိုင်တိုင် ၂၇တွင်  ခရီးသည်တင်ကားများ အား KIA အဖွဲ့မှကြီးကြပ်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရ၇ှိသည်။

ဌေးဝင်း(ဗန်းမော်)

SHARE THIS
Previous Post
Next Post