ကျပ် တစ်သောင်းဖြင့် ရခိုင် အများပိုင် ကုမ္ပဏီတွင် ရှယ်ယာဝင်နိုင်

ပထမဆုံး အများပိုင် ကုမ္ပဏီတစ်ခုဖြစ်သော ရခိုင်ဖွံ့ဖြိုးရေး ကော်ပရေးရှင်း လီမိတက်တွင် ကျပ်ငွေ တစ်သောင်းဖြင့် ရှယ်ယာဝင်နိုင်ကြောင်း ယင်းကုမ္ပဏီက သိရသည်။

တရားဝင် လုပ်ငန်းစတင်ဆောင်ရွက်ခွင့် လက်မှတ်(Certificate of Commencement of Bussiness) ရရှိထားသည့် တိုင်းရင်းသားများ ရှယ်ယာဝင်နိုင်မည်ဖြစ်သည်။

ယင်းအများပိုင် ကုမ္ပဏီကို ရခိုင်ဒေသနှင့် ပြည်သူလူထု၏ ဖွံ့ဖြိုးရေးတိုးတက်ရေး အတွက် စီးပွါးရေး၊ လူမှုရေ၊ ပညာရေးနှင့် ဘက်ပေါင်းစုံမှ လုပ်ဆောင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ယင်းကုမ္ပက ဆိုသည်။

ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက် (Rakhine Development Corporation Limited ) ကို ဇန်န၀ါရီ ၈ ရက်နေ့တွင် အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ယင်းအများပိုင်ကုမ္ပဏီကို  ခြံအမှတ် ၂၂၀၊ ခရေမြိုင်လမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည်။

ဓါတ်ပုံ - နိရဉ္စရာ

SHARE THIS
Previous Post
Next Post