စက်လှေနစ်မြုပ်မှု ငါးရက်မြောက်သော်လည်း ဆယ်ယူရန်ကြိုးစားဆဲဖြစ်

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် သင်္ဘောဆိပ်ကမ်းတွင် လွန်ခဲ့သော လေးရက်ခန့်က ရန်ကုန်မှ မြိတ်သို့ထွက်ခွာမည့်
ငွေဝင်တိုးအမည်ရှိ ကုန်တင်စက်လှေကြီးတစ်စီး နစ်မြုပ်သွားကြောင်း
သိရပြီး တစုံတရာ ထိခိုက်သေကြေမှု မဖြစ်ပွားခဲ့သော်လည်း
စက်လှေပေါ်ပါ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးပြီး ယခုချိန်ထိ
ပြန်လည်ဖော်ယူနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ယင်းဆိပ်ကမ်းရှိ အလုပ်သမားတာဝန်ခံက ပြောကြားသည်။

ယင်းသင်္ဘောသည် ဇန်နဝါရီလ ၁၅ရက်နေ့တွင် နံနက် လေးနာရီ
ခန့်တွင် အသင့်တင်ထားသော ကုန်ပစ္စည်းများဖြင့် စက်လှေ ထွက်ရန် ပြင်ဆင်စဉ် ဦးလှည့်ရင်း ရေစီးအားကြောင့် ယခုကဲ့သို့ တိမ်းမှောက်ရခြင်းဖြစ်ကြောင်း စက်လှေပိုင်ရှင်က ပြောကြား သည်။

“စက်လှေပေါ်မှာ ငရုတ်သီး၊ ကြက်သွန်၊ ဆန်၊ ကြက်စာနှင့် အခြားကုန်ပစ္စည်းတွေ ပါတယ်။ ထွက်ဖို့ တစ်နာရီလောက်
အလိုမှာ ဖြစ်တာ၊ ကာလပေါက်ဈေးဆိုရင် စက်လှေချည်းပဲ တစ်ထောင်လောက်တန်တယ်’’ ဟု ပိုင်ရှင်ဦးသန်းဦးမှ
ပြောကြားသည်။

စက်လှေ ပြန်လည်ဖော်ယူရန် ရန်ကုန်မှ အဖွဲ့တစ်ခုအား
သိန်း၁၄၀ ဖြင့် ငှားရမ်းထားပြီး အမြန်ဆုံး ပြန်လည်ဖော်ယူ
နိုင်ရန် ကြိုးစား လျက်ရှိကြောင်းလည်း ပြောကြားသည်။
ပြန်လည်ဖော်ယူ ရရှိပါကလည်း အားလုံးကို အချိန်ကာလ တစ်ခုအထိ ပြန်လည်မွမ်းမံ ယူရမည်ဖြစ်ကြောင်း၊ လွန်းတင်ခြင်း၊ အင်ဂျင်များပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း
လည်း ပြောကြားသည်။

“ဟိုရက်ကဆို ကျွန်တော်တို့ စက်လှေအနားတောင် ကပ်လို့
မရပါဘူး။ ပစ္စည်းဆယ်ယူသူများက ဝိုင်းပြောကြလို့ပါ။ ပစ္စည်း ဆယ်သူများက ဘယ်ကလာမှန်း မသိပါဘူး။ ကျွန်တော်တို့ ပိုင်ရှင်တွေတောင် ကိုယ့်စက်လှေက ကုန်ပစ္စည်းတွေကို တစ်ခုမှ မရသေးပါဘူး။ ပေါ်လာတာနဲ့ အကုန်ဝိုင်း လုကြတာပါ”ဟု ပြန်လည် ဆယ်ယူရာတွင် စက်လှေပေါ်ပါ ပစ္စည်းများအား ရရှိသူ ယူနိုင်သည်ဟု သတင်းများထွက်နေခြင်းအပေါ် ဦးသန်းဦးမှ ဆက်လက်ပြောကြားသည်။

“စက်လှေ ပေါ်မှာ အစုံပဲ၊ ဆန်၊ကြက်သွန်၊ ကုန်စုံ၊ တခြားကုန်တွေ
လည်း ပါတယ်၊ ကာလတန်ဖိုးဆို ကုန်ချည်းပဲ သိန်းလေးရာ၊ ငါးရာ
လောက်ရှိမယ် ထင်တယ်”ဟု ဆိပ်ကမ်းမှ အလုပ်သမား တစ်ဦးက ပြောကြားသည်။

စက်လှေ အားပြန်လည်ဆယ်ယူရာတွင် သင်္ဘောဝမ်းတွင်းရှိ
ကုန်များအား အပြင်ထုတ်ပြီး ပေပါခွံများအား အစားထိုး၍
ပြန်လည်ဆယ်ယူကြမည်ဖြစ်ကြောင်းလဲ ပြောကြားသည်။

ယင်းကုန်တင်စက်လှေ နစ်မြုပ်မှုနှင့် ပတ်သက်၍ ဆိပ်ကမ်း အာဏာပိုင်များအား မေးမြန်းခဲ့သော်လည်း တစ်စုံတရာ
ပြန်လည် ဖြေကြားခွင့် မရှိကြောင်း ယင်းဆိပ်ကမ်းမှ နယ်ထိမ်းက ပြောကြားသည်။

အောင်ပြည့်
The Myanma Age

Sunday, January 20, 2013 

SHARE THIS
Previous Post
Next Post