အကယ်ဒမီ စိုးသူ နဲ့ ၁၂ နှစ်ခန့်အကြာမှာ ပြန်လည် ဆုံဆည်းတဲ့ ပေါ်ပြူလာ အင်တာဗျူး


ယခင်အပတ်မှအဆက်

အရင်အပတ် ကတော့ အကယ်ဒမီ စိုးသူကို သူတို့ခေတ်က အကယ်ဒမီပေးပွဲ အကြောင်း၊ အကယ်ဒမီ ကျော်သူနဲ့ အတူရိုက်ခဲ့တဲ့ “ဒိုး” ရုပ်ရှင် ဇာတ်ကားအကြောင်းတွေကို မေးမြန်း ပြီး တင်ဆက်ခဲ့ပါတယ်။ အခု တစ်ပတ်မှာ တော့ အကယ်ဒမီ စိုးသူရဲ့ မိသားစုအကြောင်း၊ တစ် ကိုယ်တော် ဖျော်ဖြေပွဲ အကြောင်းနဲ့ ပြန်လည် ရိုက်ကူးမယ့် ဇာတ်ကား အကြောင်းတွေကို ထပ်မံဖော်ပြလိုက်ရပါတယ်။

မေး- အစ်ကို အမေရိကမှာ ရှိနေတဲ့ အချိန်မှာ ကော မြန်မာဇာတ်ကားတွေကို ကြည့်ဖြစ်သေး လား။

ဖြေ- များသောအားဖြင့်တော့ မကြည့်ဖြစ်ဘူး။ အထူးသဖြင့် ရောက်ခါစနှစ်တွေတုန်းက တမင် သက်သက်ကို ၂နှစ်ကျော်ကျော်၊ ၃နှစ် လောက် အထိ သီချင်းတွေ နားမထောင်မိအောင်၊ ရုပ်ရှင် တွေမကြည့်မိအောင်၊ ဘာရုပ်ရှင်၊ ဘာသီချင်းမှ မကြည့်မိ၊ နားမထောင်မိအောင်နေ တယ်။ ကိုယ်ကိုယ်တိုင် သရုပ်ဆောင်ခဲ့တာရော၊ ကိုယ် ကိုယ်တိုင် ဆိုခဲ့တာတွေရော ဘာကိုမှ မကြည့်မိ၊ နား မထောင်မိအောင် ကြိုးစားပြီးနေတယ်။ တအားသတိရလွန်းလို့ နေ့တိုင်း မျက်ရည် ကျ ရတယ်။ နောက်တော့လည်း နေသားကျလာ တော့ ကြုံတဲ့အခါ ကြုံ သလိုလေးတော့ နည်း နည်းပါးပါးကြည့်ဖြစ်တယ်။ ဟိုမှာ အချိန် အားတာတွေ သိပ်အများကြီး မရှိဘူး။ ဒါပေမဲ့ လည်း ကြားနေ၊ သိနေရတာလေး တွေတော့ ရှိတယ်။ တအားကြီး ထဲထဲဝင်ဝင်၊ ထိထိ ရောက် ရောက်ကြီး မကြည့်နိုင်ဘူး ပေါ့။ အနုပညာကိစ္စတွေ၊ သီချင်း ကိစ္စတွေ ကြိုကြား၊ ကြိုကြား သွားပြီးဆို ဖြစ်တာ ပေါ့။ ခေါ်တိုင်း တော့ မဟုတ်ဘူး။ အလျဉ်းသင့်တဲ့အခါ သွားဆိုဖြစ် ပါတယ်။

မေး- အစ်ကို အရင်ကကျင်လည်ခဲ့တဲ့ ဒီအနု ပညာလောကကြီးကိုကော ဘယ်လိုဖြစ် စေချင်တဲ့ ဆန္ဒရှိလဲ။

ဖြေ- အရာရာကတော့ ဘုရားဟောပဲ။ ပြောင်း လဲနေတဲ့ သဘောတရားရှိတယ်။ ကောင်းတဲ့ ဘက်ကို တိုးတက်ပြောင်းလဲ သွားရင်တော့ အကောင်းဆုံး ဖြစ်မှာပေါ့။ ဒါလည်း ကျွန်တော့် လိုပဲ ကောင်းစေချင်တဲ့ ဆန္ဒကိုအားလုံး အတူ တူရှိကြမှာပါ။ အကောင်းဆုံးတွေဖြစ်အောင် ကြိုးစားကြရင်တော့ ကောင်းတာပါပဲ။ အခု လည်း ကြိုးစားနေကြမှာပါပဲလို့ယုံကြည်ပါ တယ်။ ဘက်စုံထောင့်စုံက အခွင့် အလမ်းတွေ ရမယ်။ ပံ့ပိုးမှုတွေ ရမယ်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်လောက ကြီးတစ်ခုလုံး ပိုပြီးတိုးတက်လာ မယ်။ ဘက်စုံထောင့်စုံက အကုန် လုံးအဆင်ပြေ လာရင်ပိုကောင်းတာပေါ့။ ပြည်သူတွေအတွက် လည်း ကောင်းတယ်။ ရုပ်ရှင်လောက အတွက် လည်း ကောင်းတယ်။ တိုင်းပြည်အတွက်လည်း ကောင်းတယ်လို့ မြင်ပါတယ်။


မေး-မြန်မာနိုင်ငံကို ပြန်ရောက်တဲ့ အချိန်မှာ ကော အနုပညာရှင်တွေနဲ့ ဆုံပြီးတွေ့ဖြစ် တာရှိ လား။

ဖြေ- ပြန်ရောက်ပြီးမှ ဘယ် အနုပညာရှင်နဲ့မှ သီးသန့်တွေ့ဖြစ် တယ် မရှိ ဘူး။ ကိုယ်ကလည်း ကိုယ့် အပူနဲ့ ကိုယ်မေမေ နေ မကောင်းလို့ ပြန်လာတာ လေ။ ဒီကိုလည်းသိ တဲ့အထဲ က အနုပညာရှင် တချို့လာ မေးကြတယ်။ တချို့ကျတော့ လည်း သိတော့သိတယ်။ အားနာလို့ လာမမေးဘူး။ တချို့ ကျ တော့လည်း လာချင်တယ်။ တိုက်ရိုက် မဆက်သွယ်ဖြစ် ဘူး။ ကျွန်တော်ရောက်ပြီး ၂ပတ် မပြည့်ခင်မှာဘဲ မေမေ့ကို ဆေးရုံ ပေါ်ကို တင်လိုက်ရတယ် ဆိုတော့ အဲဒီကတည်းက ကျွန်တော်တို့လည်း လိုက် လာပြီး တော့ ဆေးရုံမှာ ၂၄နာရီနေ နေရတယ်။ ဒီကို ရောက်လာပြီး လာမေးကြတဲ့ မိတ်ဆွေ၊ အနုပညာရှင်တွေ နဲ့တော့တွေ့ပါတယ်။ အကယ် ဒမီ ဒေါ်မြင့်မြင်ခင်၊ အကယ်ဒမီ ဒေါ်ခင်သန်းနု၊ အကယ်ဒမီ ကိုရန်အောင်၊ ညီလေး စိုင်းစိုင်းခမ်း လှိုင်လည်းလာတယ်။

အဲဒီလို တော့လာကြတယ်။ အလုပ် ကိစ္စနဲ့ရော၊ လူနာမေးရော ပေါ့။ ကျွန်တော့် တီးဝိုင်းက လူတွေလည်းလာ ကြတယ်။ ကျွန်တော့် သူငယ်ချင်း ဆရာဝန် မိတ် ဆွေထဲက တချို့၊ ဆွေမျိုး မိတ် ဆွေ သင်္ဂဟသိတဲ့လူ၊ ခင်တဲ့ လူ တွေလာကြပါတယ်။ သီးသန့် တော့လည်း အကြာကြီး အနုပညာ ကိစ္စထိုင်ပြီး မပြော ဖြစ်ဘူး။ လာမေး တာကို ကျေးဇူးတင် တယ်။ မလာနိုင်ရင် လည်း နားလည်ပါတယ်။

မေး- အနုပညာ မောင်နှမတွေ နဲ့ အစ်ကိုတွေ့တဲ့အခါ မှာ သူတို့ကအနုပညာ အလုပ်တွေ ပြန် လုပ်ဖို့ တိုက်တွန်း ကြ သေးလား။

ဖြေ- အားလုံးက ပြောကြပါတယ်။ ဟိုကို အနုပညာရှင်တွေ အများကြီးလာကြတယ်။ သီချင်းတွေ ဆိုကြတယ်။ ဖျော်ဖြေပွဲတွေ လုပ် ကြတယ်။ လာတဲ့လူတိုင်းက လည်း ဖိတ်ကြ တယ်။ စိတ်ကူးတာပဲ ဆိုပြီး ပြောတာ ၄နှစ်၊ ၅ နှစ် လောက် ရှိပြီ။ အဲဒီတုန်းက စိတ်ကူး က လော လောဆယ်တော့ မပြန်ဖြစ်သေး ဘူးဆိုပြီးနေတာ။ မှန်းထားတာ ကလည်း ၂ဝ၁၃ လောက် မှာ အစောဆုံးပြန်လာဖြစ်မယ်လို့ စိတ်ကူးထားတာပါပဲ။ အခု မှန်း ထားတာ ထက် နည်းနည်း စော ပြီးပြန်လာဖြစ်တယ်။ တကယ် လည်း ၂ဝ၁၂ထဲမှာ အဓိက တစ်ကိုယ်တော် စတိတ်ရှိုးဆိုဖို့ အတွက်ပြောကြတဲ့ လူတွေ အများကြီး ရှိတယ်။ လာပြော တဲ့လူ ၇ ဦး၊ ၈ဦးလောက် ထိ ရှိတယ်။ အဲဒီလူတွေ အများ စုက ၂ဝ၁၂ သီတင်းကျွတ်၊ တန်ဆောင်တိုင်ကို လာစေ ချင်တယ်။ ကျွန်တော်က လည်း ၂ဝ၁၃ မှ လာနိုင် မယ်လို့။ ကျွန်တော်လာ ချင်တဲ့အချိန်ကို အဲဒီ အချိန်ထက်စာရင် နည်း နည်းစောပြီး လာစေချင်ကြ တယ်။ တကယ်လည်း သူတို့ လာစေချင်တဲ့အချိန် ရောက် လာရတယ်။ လာရတော့လည်း မေမေ့ ကျန်းမာရေး အတွက်လာတာ ဆိုတော့ ရောက် ရောက်ချင်းကျတော့ ဘာမှ အဆက်အသွယ် မလုပ်နိုင်သေးဘဲ ဆေးရုံ ကိုရောက်နေရတယ်။

မေး- တစ်ကိုယ်တော် ဖျော်ဖြေ ပွဲကိုကော ဘယ် တော့လောက်လုပ်ဖြစ် မလဲ။

ဖြေ-ဖျော်ဖြေရေးက ကျွန်တော် ရောက်မှန်းသိ တော့ လာပြောကြတယ်။ အားလုံးက မေမေ့ ကျန်းမာရေး အခြေ အနေပေါ်မှာ မူတည်တယ်။ ဒါပေမဲ့လည်း သေချာပေါက် လုပ်မှာပါ။ ကျွန် တော် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို တအား စိတ်ဝင်စားတယ်။ လုပ်လည်း လုပ်ချင်တယ်။ မဆိုတာလည်း တအား ကြာပြီ။ အခုဆိုရင် မဆိုတာ ၁၂ နှစ် လောက်ရှိသွားပြီ။ လုပ်ရင် လည်း သေချာ ကောင်းကောင်းကြီး လုပ်ချင် တယ်။ ကြည့်ရတဲ့ လူတွေလည်း အားလုံးအား ပါးတရ ကြည့်ရအောင် ကျွန်တော့်ဘက်က ကြိုးစားဆောင်ရွက်ပြီး လုပ်ချင်တယ်။ ဘယ် တော့ လုပ်ဖြစ်မလဲဆိုတော့ အခု တစ်ခေါက်ပဲ လုပ်ဖြစ်ချင်လုပ်ဖြစ်မယ်။ဒါမှ မဟုတ် ခဏပြန် သွားပြီး ပြန်လာပြီးမှ လုပ်ဖြစ်ချင်လည်း လုပ် ဖြစ်ပါမယ်။

မေး- အစ်ကို့ကို ဇာတ်ကားရိုက်ဖို့ အတွက် လာ ကမ်းလှမ်းထားတာတွေကောရှိလား

ဖြေ- ရုပ်ရှင် ဇာတ်ကားကြီးတို့၊ ဗီဒီယို ဇာတ် ကားတို့၊ စတေရှင်တွေကနေ သီချင်းတို့ ၊ ကြော်ငြာတွေလည်း ရိုက်ဖို့ လာပြောကြပါတယ်။ အဲဒါတွေကလည်း အလျဉ်းသင့် သလို အဆင် ပြေ ရင်ပြေသလိုတော့ လုပ်သွားမှာပါ။ စိုင်းစိုင်းခမ်းလှိုင်ကလည်း ဇာတ်ကား ရိုက်ဖို့ လာပြောထားပါတယ်။ ကျွန် တော်တို့ တစ်ခုခုတော့ လုပ်ဖြစ်မှာ ပါ။ ဘယ်ဟာလုပ်ဖြစ်မယ် မသိသေး ဘူး။ တစ်ခုခုလည်း ကချင်ကမှာပေါ့။ လောလောဆယ်တော့ ဘာမှမဆုံး ဖြတ်ကြသေး ဘူး။ ဒါပေမဲ့ စီစဉ်နေ တုန်း၊ စဉ်းစားနေတုန်းပါပဲ။ ကျွန် တော်တို့တွေက စိတ်တူကိုယ်တူတွေ ပါပဲ။

မေး- အစ်ကို့ရဲ့ မိသားစုအကြောင်း လည်း သိချင်ပါတယ်။

ဖြေ-ကျွန်တော် အမေရိကသွားပြီး နောက်နှစ် အတွင်းမှာပဲ အိမ်ထောင်ပြုလိုက်တယ်။ သမီးလေး တစ်ယောက် ရှိပါတယ်။ သမီးလေး နာမည်က အိန်ဂျယ် စိုးသူလွင်ပါ။ ကျွန်တော့် ကျောင်းနာမည်က စိုးသူ လွင်လေ။ အဖေနာမည် အပြည့် နောက်ကပါတယ်။ ဒါပေမဲ့ ကျွန်တော့် မေမေ၊ ကလေးရဲ့ဘွားဘွားက ဆု ဝတ်မှုံစိုး ဆိုပြီး အဖေနာမည်ရော၊ အမေ နာမည်ရော၊ သူ့နေ့နံရောပါ အောင် နာမည်ပေးထားတယ်။ အခု တစ်တန်းတက်နေပြီ။ အစီအစဉ်မရှိ ဘဲ ရုတ်တရက် မေမေ့ကျန်းမာရေး အတွက် လာလိုက်ရတာ ဆိုတော့ ကျောင်း အကြာကြီး ပျက်မှာစိုးလို့ ကလေးကို ခေါ်လာလိုက်တယ်။ ကျွန်တော့် ဘက်က အဘိုးရဲ့စီစဉ်မှုနဲ့ အမေဘက်က အဘိုးအဘွားတွေရဲ့ စောင့်ရှောက်မှုနဲ့ ကျောင်းထားထား လိုက်တယ်။ ကျွန်တော်ကလည်း မေမေ့ကို ဂရုစိုက်နေရတော့ လှည့် မကြည့်နိုင်ဘူးလေ။ အမျိုးသမီး က တော့ အခုတစ်ခေါက် မပါလာသေး ဘူး။ အဆင်သင့်ရင် ပြန်လာလည်ဦး မှာပါ။ လာလည်ဖို့ လည်း နဂိုကတည်း က စိတ်ကူးထားတယ်။ အခုက ရုတ်တရက် ကျန်းမာရေး အတွက် လာရတာဆိုတော့ နောက်ပိုင်းစီစဉ် စရာရှိတာ စီစဉ်မယ်ဆိုပြီး ကျန်ခဲ့ပါ တယ်။ သမီးက အခု Myanmar International School မှာ ကျောင်း ထားထားပါတယ်။ အခု ကျောင်းတက် နေတာ လည်း အရှိန်တော်တော်ရနေ ပါပြီ။ သမီးက သီချင်းတော့ တော် တော်ဆိုချင်တဲ့ သဘောရှိတယ်။ သီချင်းဆိုချင်တယ်၊ ကချင်တယ်။ ရှက်ကလည်း ရှက်တတ်တယ်။ ဝါသနာကတော့ အဖေလိုပဲ ပါပုံတော့ ရပါတယ်။ ဝါသနာပါရင်တော့ လုပ်ခိုင်းမှာပါ။ သမီးသဘောပါပဲ။

မေး- အစ်ကို့ရဲ့ ပရိသတ်ကိုလည်း စကားလက်ဆောင်ပြောပေးပါဦး။

ဖြေ-ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ်တွေက ဒီလောက်အကြာကြီး ခွဲပြီးတော့ ဒီလောက် အဝေးကြီးနေ နေပြီးတော့မှ ပြန်တွေ့တော့လည်း တကယ့်ကို နွေးနွေးထွေးထွေး၊ လှိုက် လှိုက် လှဲလှဲနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတယ်၊ ချစ်ခင်ကြတယ်၊ အားပေးကြတယ်ဆိုတော့ ဝမ်းသာ တယ်။ ဒီလို အားပေးတဲ့ အတွက် ပြန်ပြီး ကျေးဇူးဆပ်ဖို့ အနုပညာ ကိစ္စ ကောင်းကောင်းလေးတွေ ပြန်တော့ လုပ်ပေးရ ဦးမယ်လို့၊ တာဝန်ကြီး တစ် ခု ထပ်ပိုတက် လာသလိုဖြစ်တာပေါ့။ အနုပညာကိစ္စတွေနဲ့ ပရိသတ်ကြီး ကို ပြန်ပြီးကျေးဇူးဆပ်ရဦးမှာပေါ့။ အခုအချိန် လုပ်ဆောင်နိုင်တာထဲက အကောင်းဆုံး ပြန်ပြီးကျေးဇူးဆပ်ဖို့ လုပ်ပေးဦးမှာပါ။

ခိုင်ဝေလွင်

SHARE THIS
Previous Post
Next Post