ကေအိုင်အေမှ လူသစ်စုပြီး ထွက်ပြေးသူများအား ပစ်သတ်

ဝိုင်းမော် ဇန်န၀ါရီလ ၁၆ ရက်

ဝိုင်းမော်မြို့ ရှငေါ့ရွာအနီးမှ ရွှေမှော်တွင် လုပ်ကိုင်နေသောသူများကို ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ကေအိုင်အေမှ လူ တစ်စုမှ လက်နက်ကိုယ်စီနှင့် ရောက်လာပြီး ရွှေလုပ်သား ၃၀ ကျော်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသော သူတစ်ချို့မှ ပြန်လည်ထွက်ပြေးမှုများ ရှိခဲ့သည့်အတွက် ကေအိုင်အေက လိုက်လံပစ်သတ် ခဲ့ပြီး သေဆုံးသူများကို မေခမြစ်အတွင်းသို့ ပစ်ချခဲ့ကြောင်း ထွက်ပြေး လွတ်မြောက်လာသူတစ်ဦးမှဆိုသည်။

ဖန်န၀ါရီလ ၁၄ ရက်နေ့ နေ့လည်တွင် ရှငေါရွာအနီး မေခမြစ်အတွင်းမှ သေနတ်ဒဏ်ရာနှင့် သေဆုံးနေသော အလောင်း ၇ လောင်းကို ဆယ်ယူရရှိသည်ဟု ရှငေါရွာသားတစ်ဦးမှ ပြောဆိုခဲ့သည်။

ဇန်န၀ါရီလ ၁၄ ရက်နေ့ နေ့လည် ၂ နာရီတွင်လည်း ၀ိုင်းမော်မြို့နယ် မန်ဒေါရွာအနီး ချောင်းဆုံရွှေမှော်မှလည်း ရွှေ လုပ်သား ၂၀ ကိုလည်း ကေအိုင်အေမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ကေအိုင်အေမှ ကချင်ပြည်နယ် တွင်း လုပ်ကိုင်နေသော တိုင်းရင်းသားလူမျိုးကို ဖမ်းဆီးတာ လူသစ်အဖြစ်စုဆောင်းနေတာ ၃၀၀၀ ကျော်ရှိနေပြီး အမျိုး သမီး ငယ်များ ၂၀၀ ကျော်ရှိကြောင်း သိရှိရသည်။

SHARE THIS
Previous Post
Next Post