ရွှေတိဂုံစေတီတော်ပေါ်တွင် နိုင်ငံခြားသားများအတွက် ၀တ်စုံသတ်မှတ်မထားကြောင်း သိရ

Wednesday, 02 January 2013 16:34
ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်တွင် နိုင်ငံခြားသား ခရီးသွားများအတွက် သီးသန့်ဝတ်စုံ သတ်မှတ်ထားခြင်း မရှိကြောင်း ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံခြားသားများအတွက် အဆင်ပြေစေရန် ခြုံလွှာ၊ ပ၀ါနှင့် ပုဆိုးတို့ကို ဒီဇင်ဘာ ၁၇ ရက်မှစ၍ စီစဉ်ပေးခဲ့ပြီး စေတီတော်ပေါ်တွင်လည်း နိုင်ငံခြားသားများအတွက် အ၀တ်လဲခန်းကို နိုင်ငံခြား ကောင်တာတွင် သီးခြားသတ်မှတ် ပေးထားကြောင်း သိရသည်။ “လုံလုံခြုံခြုံ ၀တ်ရမယ်လို့သာ သတ်မှတ်ထားတာပါ။ ဒီလို သီးသန့်ဝတ်စုံ သတ်မှတ်ထားတာ မရှိပါဘူး” ဟု ဦးဝင်ကြိုင်က ပြောပါသည်။ သို့သော် နိုင်ငံခြားသား ဘုရားဖူးများသည် ထိုသို့ အ၀တ်အစား လုံခြုံစေမှုကို လိုက်နာခြင်း အားနည်းနေကြောင်း၊ မိမိတို့ အနေဖြင့် ရှမ်းတိုက်ပုံ ဘောင်းဘီတို့ဖြင့် အစားထိုးသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ ရွှေတိဂုံစေတီတော်ပေါ်တွင် အဂါရ၀ ဖြစ်စေသော ဘောင်းဘီတို၊ စကပ်တို၊ အသားကပ်ဘောင်းဘီ၊ ဘေးကွဲ၊ နောက်ကွဲ၊ ရင်ဟိုက်၊ ခါးပေါ်များ ၀တ်ဆင်၍ ဘုရားဖူးခြင်း မပြုရန် မေတ္တာရပ်ခံ အပ်ပါသည် ဟူသော သတိပေးချက် ဆိုင်းဘုတ်ကို ရင်ပြင်တော်ပေါ်တွင် ထားရှိထားကြောင်း သိရသည်။ ယခုအခါတွင် နိုင်ငံခြားသား ခရီးသွားများ ပိုမိုဝင်ရောက်လာပြီး မြန်မာယဉ်ကျေးမှုနှင့် မလျော်ညီသော ၀တ်စားဆင်ယင်မှုများဖြင့် ဘာသာရေးဆိုင်ရာ နေရာများ၊ အများပြည်သူနှင့် ဆိုင်သော နေရာများတွင် တွေ့လာရကြောင်း သိရပါသည်။်from Aye Chan Mon

SHARE THIS
Previous Post
Next Post