မူးယစ်ဆေးဝါး သန်း ၇၀၀ ဖိုးခန့် ဖမ်းမိ

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့က လိုဏ်ဂူတခုမှာ မူးယစ်ဆေး သန်း ၇၀၀ ဖိုးလောက် ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ လိုဏ်ဂူက စင်းတောင်းကျေးရွာ အုပ်စု၊ ထီတလိရွာနားမှာ တည်ရှိတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးသတင်းရရှိတဲ့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စနေနေ့မနက်မှာ လိုဏ်ဂူထဲ ၀င်စစ်တော့ - ဆာလာအိတ် ( ၆၃) အိတ်နဲ့ ထည့်ထားတဲ့ ဘိန်းစိမ်း ၉၁၂ ကီလို၊ ဘိန်းညို ၁၄ ဒသမ ၂ ကီလို၊ - အမိုနီယမ်ကလိုရိုက် ၅ ဒသမ ၅ ကီလို၊ - ဘိန်းချက်ရမှာသုံးတဲ့ ပစ္စည်းများ စတာတွေကို ဖမ်းမိတယ် လို့ ဆိုပါတယ်။ ဒီပစ္စည်းတွေရဲ့ စုစုပေါင်း တန်ဖိုးက ကျပ် ၇၃၄,၉၁၀,၀၀၀ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။ ဒီပစ္စည်းများနဲ့အတူ ဖမ်းမိတာကတော့ ကိုမျိုးဇော်ထိုက် (၂၄) နှစ်(ဘ) ဦးသိန်းမောင်၊ ကိုအောင်ထိုက် (၂၂) နှစ် (ဘ) ဦးမောင်တီး၊ ကိုထွန်းလှ (၂၀) နှစ်၊ (ဘ) ဦးဟွန်း တို့ ဖြစ်ကြောင်း၊ သူတို့ကို အမှုဖွင့်အရေးယူထားကြောင်း ပင်လောင်းရဲစခန်းက ပြောပါတယ်။ (ဧရာဝတီမြန်မာဆိုက် - ဇန် ၁၄၊ ၂၀၁၃) မှ Myanmar1

SHARE THIS
Previous Post
Next Post