စောင့်ကြည့်ရေး ဂြိုဟ်တုတစ်စင်း လွှတ်တင်ရန် ဂျပန် စီစဉ်

ဂျပန် အာကာသ စူးစမ်း လေ့လာရေး အေဂျင်စီနှင့် မစ်ဆူဘီရှီ အကြီးစား စက်မှုလုပ်ငန်း ကုမ္ပဏီ တို့သည် ဇန်နဝါရီလ ၂၇ ရက် နေ့တွင် H-2A ဒုံးကျည်အား အသုံးပြုကာ သတင်း အချက်အလက် စုဆောင်းရေး ရေဒါဂြိုဟ်တု တစ်စင်းနှင့် စောင့်ကြည့်ရေး ဂြိုဟ်တုတစ်စင်း တို့အား လွှတ်တင်ရန် စီစဉ်ထားကြောင်း ဒေသတွင်း သတင်း ဌာနများက ဖော်ပြခဲ့ ပါသည်။

အဆိုပါ ဂြိုဟ်တု လွှတ်တင်မှုအား ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမား စီရင်စု တာနီဂါရှီမာ ကျွန်းပေါ်ရှိ တာနီဂါရှီမာ အာကာသ စင်တာမှ နေ၍ ဇန်နဝါရီလ ၂၇ ရက်နေ့ ၁၃၄ဝ နာရီ အချိန်တွင် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ကျိုဒိုသတင်း ဌာနက ဖော်ပြခဲ့ ပါသည်။ ရေဒါဂြိုဟ်တုသည် ညအချိန်နှင့် တိမ်ထူသည့် အချိန်ကာလများ တွင်ပါ အရာဝတ္ထု များအား ထောက်လှမ်းနိုင် စွမ်းရှိပြီး စောင့်ကြည့်ရေး ဂြိုဟ်တုသည်လည်း ကြည်လင် ပြတ်သားမှု မြင့်မားသော ရုပ်ပုံများအား ရိုက်ကူးနိုင်ကြောင်း သိရှိရ ပါသည်။ ဂျပန် နိုင်ငံတွင် လက်ရှိ အချိန်၌ ရေဒါဂြိုဟ်တု တစ်စင်းနှင့် စောင့်ကြည့်ရေး ဂြိုဟ်တု ၃ စင်း အသုံးပြု လျက်ရှိကြောင်း သိရှိရ ပါသည်။
မြ၀တီ


SHARE THIS
Previous Post
Next Post