မြောက်ဦးတွင် လုံခြုံရေးများ အပြောင်းအလဲလုပ်

http://arakanreview.net/?p=5943

မြောက်ဦးတွင် လုံခြုံရေးများ အပြောင်းအလဲလုပ်

စစ်တပ်ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် လုံခြုံရေးတာဝန်ကျနေသော စစ်တပ်များကို ယမန်နေ့ ဇန်န၀ါရီလ (၂၇) ရက်နေ့က အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း သတင်းရရှိသည်။
ယခင်က မြောက်ဦးမြို့တွင် လုံခြုံရေးတာဝန်များကို မြောက်ဦးရှိ စစ်တပ်များဖြစ်သည့် ခမရ -၃၇၇၊ ခမရ-၃၇၈၊ ခမရ-၅၄၀ တို့က တာဝန်ယူလျှက်ရှိနေခဲ့ရာ ဇန်န၀ါရီလ (၂၇) ရက် တနင်္ဂနွေနေ့မှစ၍ လုံခြုံရေး တပ်သားများကို ပြောင်းလဲလိုက်ကြောင်း သိရကာ အသစ်ရောက်လာသည့် လုံခြုံရေး တပ်သားများမှာ မောင်တော၊ ကျောက်တော်၊ အမ်း တို့၌ တာဝန်ထမ်းဆောင်နေကြသည့် စစ်တပ်များဖြစ်ကြောင်း မြို့ခံတစ်ဦးက Arakan Review သို့ အတည်ပြု ပြောကြားသည်။

“ ဒီနေ့မြောက်ဦးမှာ စစ်တပ်လုံခြုံရေးတွေ အပြောင်းအလဲလုပ်ပြီး ချထားတယ်။ ဘာဖြစ်လို့လဲတော့မသိဘူး။ ကျွန်တော့် အိမ်ရှေ့နားမှာလဲ ကားတွေနဲ့ရောက်နေကြတယ်။ အမ်းကတပ်တွေပါတယ်။ မောင်တောကပါတယ်။ ကျောက်တော်ကပါတယ်။ အရင်ကဆို ဒီမှာရှိတဲ့တပ်တွေက စစ်သားတွေပဲ ကင်းစောင့်ရတာ အခုအပြောင်းအလဲ လုပ်တယ်ဆိုတော့ သူတို့တခုခုများ ဖြစ်မယ်ထင်တာပဲ။ ရဲတွေလဲတော်တော်ကို အလုပ်ရှုပ်နေကြတာ။” ဟု အမည်မဖေါ်လိုသူ မြို့ခံတစ်ဦးကပြောသည်။

SHARE THIS
Previous Post
Next Post