အောင်မြင်သာရွာမှ KIA မိုင်းနင်းမိပြီး ၁ဦးသေ ၂ဦးဒဏ်ရာရ

မြစ်ကြီးနား ဇန်န၀ါရီ၂၈ရက်
          မြစ်ကြီးနား၊ အောင်မြင်သာရွာမှ ရွာသား၃ဦးသည် မြစ်ကြီးနားမှ ပူတာအိုသို့ ဆိုင်ကယ်၃စီးဖြင့် သွားရောက်စဉ် ဆွမ်ပရာဘွမ်မြို့ ဇနန်ရွာပျက်အနီးတွင် KIA မှထောင်ထားသောမိုင်းအား နင်းမိ ပေါက်ကွဲခဲ့ ခဲ့သည်။ နင်းမိသည့်ဆိုင်ကယ်သမားက ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး ဘေးမှ ၂ဦးကတော့ အနည်းငယ် ဒဏ်ရာ ရှိခဲ့သည်။ အပြင်းအထန်ဒဏ်ရာရရှိသူအား ဆူယန်ရွာသို့ သယ်ဆောင်လာပြီး အစိုးရတပ်မှ   ဆေးဝါးကုသပေး ပေမယ့် သွေးလွန်ပြီး သေဆုံးခဲ့ကြောင်းသိရှိရသည်။ ကျန်၂ဦးကို   ဆေးကုသမှု   ပြုလုပ်ပေး ခဲ့ကြောင်း ဆူယန်ရွာ မှ ရွာသားတစ်ဦးကပြောဆိုခဲ့ပါသည်။

          မြစ်ကြီးနားနှင့်ပူတာအိုကို အများအားဖြင့် လေယာဉ်ခရီးစဉ်သာအသုံးပြုကြသော်လည်း အရေးကြီး ကိစ္စများကို ပေါ်လာခဲ့ပါက ဆိုင်ကယ်များဖြင့် သွားလာနေကြရသည်။ KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွား သည့် နောက်ပိုင်းတွင် KIA မှ မြစ်ကြီးနား-ပူတာအို လမ်းတွေမိုင်းထောင်မှုများရှိ လာသောကြောင့် ဒေသခံများ မကြာခဏမိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရမှုများဖြစ်ပေါ်နေကြောင်း၊ KIA မှ အစိုးရတပ်ကို မိုင်းထောင်တယ်လို့ ပြောဆိုပေမယ့် အဲဒီလမ်းကြောင်းကို အစိုးရတပ်မှ အသုံးပြုခြင်း မရှိဘဲ ဒေသခံများသာ အသုံးပြုနေသည့် အတွက် ဒေသခံများသာ မိုင်းနင်းမှုများဖြစ်ပေါ်နေကြောင်း   ဒေသခံတစ်ဦးမှပြောကြားခဲ့သည်။

SHARE THIS
Previous Post
Next Post