တပ်မတော်သားတွေကို နိုင်ငံတော်ကသာ ထောက်ပံ့ဖို့ လွှတ်တော်မှာဆွေးနွေး

တပ်မတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံးက ရလာတဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော် ဘတ်ဂျက်ထဲ ထည့်စေပြီး တပ်မတော်သားတွေရဲ့ ခံစားခွင့်တွေကိုတော့ နိုင်ငံတော်ကပဲ အပြည့်အ၀ ဘတ်ဂျက်ချပေးစေလိုတယ် လို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ ပဉ္စမ ကာလတိုငါးနှစ် အမျိုးသား စီမံကိန်းမူကြမ်း (၂၀၁၁/၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅/၂၀၁၆ ဘဏ္ဍာရေးနှစ်ထိ) ဆွေးနွေးရာမှာ မွန်ပြည်နယ် မဲဆန္ဒနယ်က ဒေါက်တာဗညားအောင်မိုးက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့စီးပွားရေး ပိတ်ဆို့မှုဒဏ်တွေကြောင့် စီမံခန့်ခွဲမှု လိုအပ်ချက်တွေရှိခဲ့ပြီး၊ အခုအချိန်မှာ ပြည်သူလူထုမှာ အလုပ်လက်မဲ့ခံစားမှုတွေ၊ ဆင်းရဲနွမ်းပါးမှုဒဏ်တွေ ခံစားနေ ကြရတဲ့အတွက် အမျိုးသားစီမံကိန်းမူကြမ်းမှာ ထည့်သွင်းစဉ်းစားနိုင်ဖို့နဲ့ကိုလည်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဒေါ်ခင်ဝိုင်းကြည်ကလည်း ဆွေးနွေးသွားပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပဉ္စမ ငါးနှစ်တိုကာလ အမျိုးသားစီမံကိန်းမှုကြမ်းနဲ့ ပတ်သက်လို့ ဒုတိယနေ့အဖြစ် လွှတ်တော်ကိုယ်စားလှယ် (၁၈) ဦးတို့က ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဒေသအလိုက် ပြည်သူတွေရဲ့ ခံစားနေရတဲ့ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အရေး၊ လျှပ်စစ်၊ ကာကွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ သစ်တောရေးရာ စတဲ့ ကိစ္စရပ်တွေကို အများဆုံးဆွေးနွေးခဲ့ကြပါတယ်။
RFA

"တပ်မတော်သားတွေကို နိုင်ငံတော်ကသာ ထောက်ပံ့ဖို့ လွှတ်တော်မှာဆွေးနွေး"

SHARE THIS
Previous Post
Next Post