KIA အဖွဲ့အတွင်းမှ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်များ ဖိနှိပ်ခံနေရ

လိုင်ဇာ၊ ဇန်န၀ါရီ ၁၆။

ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ KIA ခေါင်းဆောင်ပိုင်းတွေအနေနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ပြီး တိုက်ပွဲရဲ့ရှေ့တန်းနေရာတွေမှာ ကချင်လူမျိုးတွေကို မထားဘဲ ရှမ်းနဲ့ရခိုင် လူမျိုးတွေကိုသာ အသေခံ တိုက်ခိုက်ခိုင်းနေပါတယ်။

ကချင်မျိုးနွယ်စုချင်းအတူတူထဲမှာပင် ဂျိမ်းဖောတွေကို ဦးစားပေးတဲ့အတွက် KIA အဖွဲ့မှာ လူမျိုးရေးခွဲခြားမှုကြောင့် မကျေနပ်မှုတွေဖြစ်နေပါတယ်။ KIA အဖွဲ့ထဲမှာ ရှိနေတဲ့ ရခိုင်လူမျိုးတွေလဲ အခြားလူမျိုးတွေ နည်းတူ ဖိနှိပ်ခံနေရပါတယ်။ သူတို့အနေနဲ့ KIA ထဲကို စိတ်ပါဝင်စားလို့ ရောက်လာသူတွေမဟုတ်ဘဲ အတင်းအကြပ် ဖမ်းဆီးခံရပြီး ရောက်လာသူတွေဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ငွေရှာဖို့ရောက်လာသူတွေဖြစ်ပြီး KIA လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးခံ ရမှုကြောင့် လက်နက်ကိုင် ဆောင်နေရခြင်းဖြစ်ပါတယ်။ အခုခါမှာတော့ ရခိုင်လက်နက်ကိုင်တွေရဲ့ဘ၀ဟာ နေရဖို့ထက် သေရဖို့များနေတဲ့ အနေ အထား ဖြစ်နေပါတယ်။ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ရခိုင်တွေကိုတက်ခိုင်းပါ တယ်။ ထွက်ပြေးလို့မရအောင် နောက်ကနေ ကချင်လူမျိုးတွေက စောင့်ကြည့်နေပါတယ်။ ပြေးတဲ့သူရှိရင် ပစ်သတ်ပါတယ်။ အစားအသောက်လဲ ၀အောင်မစားရ၊ ငွေကြေးကလဲမရဆိုတော့ ရခိုင်လူမျိုးတွေအနေနဲ့ သူတို့ရခိုင်အချင်းချင်းစည်းရုံးဆက်သွယ်ပြီး KIA ကိုပြန်လည်ခုခံ တိုက်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

သူတို့တွေမျှော်လင့်နေတာက အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ဆောင်မယ့်နေ့ကိုမျှော်လင့်နေကြတာပါ။ ဒါပေမယ့် ငြိမ်းချမ်း ရေး ဟာ ဝေးသထက်ဝေးနေပြီး တိုက်ပွဲတွေပဲဖြစ်နေတာမို့ ရခိုင်လူမျိုးလက်နက်ကိုင်တွေ အနေနဲ့ သေမယ့်ရက်ကို စောင့်စားနေကြရသလိုပါပဲ။ သေမထူးနေမထူးဘ၀မို့ ရခိုင်အချင်းချင်းချိတ်ဆက် ပြီး လှုပ်ရှားမှုတစ်ခုခု လုပ်ဆောင်ကြ ဖို့ ပြင်ဆင်နေကြတယ်လို့ သိရှိရပါတယ်။

SHARE THIS
Previous Post
Next Post