ရန်ကုန်မြို့တော်
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ကျုချောင်း ကျေးရွာတွင် ဆယ်အိမ်
စုမှူး ရွေးချယ်ရာ လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးက ၎င်းစိတ်ကြိုက်
လူများကိုသာ စာရင်း တင်သောကြောင့် ဆယ်အိမ်စုမှူး ရွေးချယ်ခြင်းကို
ကြီးကြပ်ရေး အဖွဲ့က ရက် အကန့်အသတ် မရှိ ရပ်ဆိုင်း ထားကြောင်း ကျုချောင်း
ကျေးရွာသား များက ပြောကြားသည်။
အဆိုပါ ကျေးရွာတွင် သန်းခေါင်စာရင်း မရှိသည့် ကျုးကျော် နေသူများကို ယာယီ သန်းခေါင် စာရင်းများ ထုတ်ပေး၍ ဆယ်အိမ်စုမှူး စာရင်းတွင် လက်ရှိ အုပ်ချုပ်ရေးမှူးက စာရင်း တင်ပြမှုများကို ကျေးရွာက ကန့်ကွက် သဖြင့် ကြန့်ကြာ နေခြင်း ဖြစ်ကြောင်း ကျုချောင်းရွာသား ဦးညွှန့်ဝေက ရှင်းပြသည်။
လက်ရှိတွင် ဆယ်အိမ်စုမှူး ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးသည့် ဆယ်အိမ်စုမှူး များကို အများပြည်သူ သိရှိစေရန် ကြေညာ ကပ်ခြင်းများ မရှိသေးကြောင်း ၎င်းကဆိုသည်။
“လယ်သမား ဘက်က ရပ်တည်တာ မရှိဘူး။ တစ်ရွာလုံးက လူတွေရော လယ်သမားရော သူကို့ လက်ကို မခံတာ” ဟု ကျုချောင်း ရွာသား ဦးညွှန့်ဝေက ဆိုသည်။
လက်ရှိ အုပ်ချုပ်ရေးမှူးသည် ၁၉၉၄ ခုနှစ်မှ ယနေ့ထိ လုပ်ကိုင် နေသူဖြစ်ပြီး ၄င်း၏ လက်ထက်တွင် ကျေးရွာ တိုးတက်မှု နည်းကြောင်း တောင်သူ ဦးအောင်မော်က ဆိုသည်။
အဆိုပါ ရွာသည် တောင်သူ အများစု နေထိုင်ပြီး လယ်ဧကပေါင်း ၃၀၀၀ ကျော် နှင့် အိမ်ထောင်စု ၃၈၀ကျော်၊ လူဦးရေ ၅၀၀ကျော် ရှိကြောင်း ကျူချောင်း ရွာ၏ လယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးညွန့်ဝေ က ပြောဆိုသည်။
လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကြီးထံ ဇန်နဝါရီလ ၁ ရက် နေ့တွင် တင်ပြ ထားကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။
အေးချမ်းမွန်မှ The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်

အေးချမ်းမွန်မှ The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
SHARE THIS