ဗြိတိန်ရာသီဥတုကြောင့် လေ့ကျင့်ရေးအစီအစဉ် ဒိုဟာသို့ မန်ယူ ပြောင်းရွှေ့

ဗြိတိန်ရာသီဥတုကြောင့် မန်ယူ၏လေ့ကျင့်ရေးအစီအစဉ်ကို ဒိုဟာသို့ ပြောင်းရွှေ့ပြီးခဲ့သော ၁၂လ အတွင်း အပြင်းထန်ဆုံး အအေးဒဏ်ကို ခံစားနေရသည့် ဗြိတိန်၏ ရာသီဥတု ဆိုးရွားမှုကြောင့်
မန်ယူအသင်းမှာ ၎င်းတို့၏ လေ့ကျင့်ရေး အစီအစဉ်ကို ကာတာသို့
ပြောင်းရွှေ့ခဲ့ သည်။ စပါးနှင့်ပွဲစဉ်အပြီး ၈ နာရီ အတွင်း၌ပင် ကာတာသို့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး လာမည့်စနေတွင် ဖူလ်ဟမ်နှင့် ယှဉ်ပြိုင်ရမည့် အက်ဖ်အေဖလားပွဲစဉ်အတွက် ပြင်ဆင်မှုပြုလုပ်ခြင်း ဖြစ်ကြောင်း
သိရှိရသည်။

မန်ယူအသင်းသားများမှာ ဒိုဟာမြို့ရှိ Aspire Academyတွင် လေ့ကျင့်မှုများ ပြုလုပ်နေပြီး လေဟာပြင် ဘောလုံးကွင်း ၇ ကွင်းရှိသော အဆိုပါအကယ်ဒမီ တွင် စွမ်းဆောင်ရည် ပိုကောင်းနိုင်မည့် ဓာတ်ခွဲခန်းများ ၊စိတ်ပိုင်းဆိုင်ရာ
လေ့ကျင့်နိုင်သည့် စက်ပစ္စည်းများလည်း ရှိနေသည်။ အဆိုပါ လေ့ကျင့်ရေး အစီအစဉ် တွင် လူမှုရေးပွဲတစ်ခု တက်ရောက်ရန်ရှိနေသည့် နည်းပြ ဖာဂူဆန် လိုက်ပါလာခြင်းမရှိပေ။

ဖာဂူဆန်သည် စပါးနှင့်ပွဲစဉ်တွင် ပင်နယ်တီပေးရန် ငြင်းဆန်ခဲ့သည့် အကူဒိုင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယင်းအတွက်ကြောင့် အက်ဖ်အေမှ ကြာသပတေးနေ့ နောက်ဆုံးထား၍ ဖြေရှင်းချက်ပေးရန်
တောင်းဆိုထားသည်။ “ဒါဟာ သေချာပေါက် ပင်နယ်တီပေးရမှာပါ။
ငြင်းရမည့် အကြောင်းကို မရှိပါဘူး။ ဒါပေမဲ့ ဒိုင်က စပါးအတွက်ပဲ ကြည့်ခဲ့ပါတယ်”ဟု ဖာဂူဆန်မှ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

မှ YoYarLaya

http://yoyarlay.com/sport/football/33947-2013-01-22-09-40-23

အေးချမ်းမွန်မှ   YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post