မောင်းသူမဲ့ လေယာဉ်များရဲ့ တိုက်ခိုက်မှု အကျိုးဆက်ကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမှုစတင်

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက မောင်းသူမဲ့ လေယာဉ်များနဲ့ ပက်သက်တဲ့ စုံစမ်းစစ်ဆေးမှု တစ်ခုကို စတင်ဆောင်ရွက်လိုက်ကြပြီ  ဖြစ်ကြောင်းနဲ့ အရပ်သား သေဆုံးမှုများအတွက် အဆိုပါ မောင်းသူမဲ့ ယာဉ်များရဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်၊ မမြောက် ဆိုတာကိုပါ ဆုံးဖြတ်နိုင်ရန် သုံးသပ်ကြလိမ့်မည် ဖြစ်ကြောင်း ဇန်နဝါရီလ (၂၄) ရက် ကြာသာပတေးနေ့ အယ်ဂျာဇီးယား သတင်းမှာ ဖော်ပြထားပါတယ်။
Photo
 
ရုရှား၊ တရုတ်နဲ့ ပါကစ္စတန် နိုင်ငံများရဲ့ တောင်းဆိုချက်များကို တုံ့ပြန်သောအားဖြင့် မောင်းသူမဲ့ လေယာဉ်များရဲ့ တိုက်ခိုက်မှု အကျိုးဆက်ကို လူအခွင့်အရေးနဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂသို့ အထူးအစီရင်ခံစာ တင်သွင်းရသူ တစ်ဦးဖြစ်တဲ့ “ဘန်အမ်မာဆွန်” ကလန်ဒန်မြို့မှာ ဇန်နဝါရီလ (၂၄) ရက် ကြာသာပတေးနေ့က  တရားဝင် ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
      
အဆိုပါ စုံစမ်းစစ်ဆေးမှုက ပါကစ္စတန်၊ ယီမင်၊ ဆိုမာလီယာ၊ အာဖဂန်နစ္စတန်နဲ့ ပါလက်စတိုင်း နယ်မြေတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုပေါင်း (၂၅) ခုကို အခြေပြုပြီး စုံစမ်းစစ်ဆေးမှာ ဖြစ်ပြီး၊ ယခုနှစ်မကုန်မီ ကုလသမဂ္ဂ အထွေထွေညီလာခံကို  အစီရင်ခံစာ တင်သွင်းလိမ့်မယ်လို့ ဆိုပါတယ်။
 
ရတနာပုံ ဘာသာပြန်သတင်းBy Yatanarpon 26 January, 2013



SHARE THIS
Previous Post
Next Post