ဆော်ဒီအာရေဗီးယား နိုင်ငံသို့ အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်မှုကို သီရိလင်္ကာအစိုးရက တားမြစ်

 သီရိလင်္ကာနိုင်ငံသား အိမ်ဖော်အမျိုးသမီး တစ်ဦးဟာ သူမပြုစု စောင့်ရှောက်နေသော ကလေးငယ်တစ်ဦး သေဆုံးခဲ့ရမှုဖြင့် ကွက်မျက် အပြစ်ပေးခံရပြီးနောက်  ဆော်ဒီအာရေဗီးယား နိုင်ငံမှာ အိမ်ဖော်အဖြစ် သွားရောက် လုပ်ကိုင်မှုများကို သီရိလင်္ကာအစိုးရက တဖြေးဖြေးချင်း ရပ်ဆိုင်းသွားတော့မယ်လို့ ကိုလံဘိုအစိုးရက ပြောကြားလိုက်ကြောင်း ဇန်နဝါရီလ (၂၅) ရက် သောကြာနေ့ အယ်ဂျာဇီးယားသတင်းမှာ ဖော်ပြထားပါတယ်။ ဆော်ဒီအာရေဗီးယားနိုင်ငံမှာ သွားရောက် အလုပ်လုပ်မယ့် အမျိုးသမီးများရဲ့ ပျမ်းမျှအသက်ကို လက်ရှိကာလ၌ (၂၁) နှစ်မှ စတင်ခွင့်ပြုထားရာမှ (၂၅) နှစ်သို့ တိုးမြင့်သတ်မှတ် လိုက်ပြီးနောက် သွားရောက် လုပ်ကိုင်မှုများကိုလည်း တဖြေးဖြေးချင်း လျှော့ကျသွားတယ်လို့ အစိုးရက ပြောဆိုလိုက်ပါတယ်။ သီရိလင်္ကာနိုင်ငံကနေ နိုင်ငံခြားမှာ သွားရောက် အလုပ်လုပ်ကြတဲ့ အိမ်ဖော်အမျိုးသမီးပေါင်း (၂) သန်းရဲ့ သုံးပုံတစ်ပုံခန့်ဟာ ဆော်ဒီအာရေဗီယားနိုင်ငံမှာ သွားရောက် အလုပ်လုပ်နေကြတယ်လို့ အစိုးရထုတ်ပြန်တဲ့ စာရင်းဇယားမှာ ဖော်ပြထားပါတယ်။

Photo

ရတနာပုံ ဘာသာပြန်သတင်း 
 By Yatanarpon 26 January, 2013

SHARE THIS
Previous Post
Next Post