တရုတ်ပြည် အမျိုးသမီး အများစု က မိမိထက် ၁၀ နှစ်အသက်ကြီးသူကို ချိန်းတွေရန် ပိုနှစ်သက်

တရုတ်ပြည်က ကျားမပေါင်း ၉၈၀၀၀
 ကျော်ထံမှ ရယူခဲ့တဲ့ စစ်တမ်းကောက်
ချက်တခုမှာ အမျိုးသမီး၇၀ ရာခိုင်နှုန်း
 (အသက် ၁၈ -၂၅ ကြား) က မိမိထက်



၁၀ နှစ် အသက်ကြီးတဲ့ ယောင်္ကျားကို ချိန်းတွေ့ဖို့ ပိုနှစ်သက်ကြောင်း၊ အကြောင်းရင်းမှာ
 ငွေကြေးအရပိုပြည့်စုံပြီး သူတို့အား ဂရုပိုစိုက်နိုင်ကြောင်းလို့ ဖော်ပြထားပါတယ်။

အမျိုးသမီး ၆၄ ရာခိုင်နှုန်းကတော့ သူတို့ထက် အသက်ကြီးသူနဲ့ ရည်းစားဖြစ်
လိုကြောင်း သိရပါတယ်။

 စစ်တမ်းမှ ရှာဖွေတွေ့ရှိချက်နောက်တစ်ခုမှာ အမျိုးသား ၈၄ ရာခိုင်နှုန်းနဲ့ အမျိုးသမီး
၇၃ ရာခိုင်နှုန်းတို့က အနာဂတ်အတွက် အိမ်ထောင်ဖက် ဟာ အပျိုလူပျိုစင် ဟုတ်မဟုတ် အရေးမကြီးကြောင်း သိရပါတယ်။

 ဒါပေမဲ့ အမျိုးသား ၈၆ ရာခိုင်နှုန်းက အိမ်ထောင်မပြုမီ အတူတကွနေထိုင်ခြင်းကို
 နှစ်သက်ပြီး အမျိုးသမီး ၃၆ ရာခိုင်နှုန်းကသာ သဘောတူကြပါတယ်။

Copy link




SHARE THIS
Previous Post
Next Post