နှစ်သစ်မှာ ကင်ကျုံအန် က ငြိမ်းချမ်းရေးစကား ပြောနေပြီ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံအန်
 (Kim Jong-un) ကအများမမျှော်လင့်ထားဘဲ
 တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံအကြား
 ထိပ်တိုက်ရင်ဆိုင်မှု ရန်လိုမုန်းတီးမှုတို့ကို


အဆုံးသတ်ဖို့ တိုက်တွန်းတဲ့ မိန့်ခွင်းတရပ်ကို နှစ်သစ်ကူးနေ့မှာ ထုတ်လွှင့်ပြောကြားခဲ့ပါတယ်။

"ကိုရီးယားနှစ်နိုင်ငံ ကွဲထွက်နေတာကို အဆုံးသတ်ဖို့ နဲ့ ပြန်လည်
ပူးပေါင်းနိုင်ဖို့မှာ အရေးကြီးတာက မြောက်နဲ့တောင်ကိုရီးယား အကြား ထိပ်တိုက်ရင်ဆိုင်မှုကို ဖယ်ရှားလိုက်နိုင်ဖို့ပဲ ဖြစ်ပါတယ်" လို့ ကင်ကျုံအန် က ပြောကြားခဲ့ပါတယ်။

ရုပ်သံထုတ်လွှင့်ချက်က တည်နေရာအတိအကျ မသိနိုင်တဲ့နေရာတခုမှာ ကြိုတင်သွင်းယူထားတယ်လို့ ယူဆကြောင်း သတင်းမှာဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့လက တောင်ကိုရီးယားမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတဲ့
 Park Geun-hye ကလည်း ပြုံယမ်းအစိုးရက သူတို့ရဲ့အနုမြူလက်နက် ရည်မှန်းချက်ကို စွန့်လွတ်ပါက မြောက်ကိုရီးယားနဲ့ တွေ့ဆုံဖို့ဆွေးနွေးဖို့ ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

(Ref; Reuters UK edition, Jan 1, 2013)

Myanmar Online News

SHARE THIS
Previous Post
Next Post