လျှော့ချပေးသည့်နှုန်းထားအလိုက် အရစ်ကျဖုန်းကဒ် ၀ယ်ယူထားသူများပါ ခံစားခွင့်ရရှိမည်

ဉာဏ်ဉာဏ် (မြစ်မခ)
 by Myit Makha Mediagroup on
 1 Jan, 2013 ယခုလဆန်းပိုင်းအတွင်း ဈေးနှုန်းလျှော့ရောင်းချပေးမည့် GSM မိုဘိုင်းဖုန်းကဒ်များအား လျှော့ချပေးသည့် ဈေးနှုန်းအတိုင်း ယခင်က အရစ်ကျစနစ်ဖြင့်ဝယ်ယူခဲ့သော မိုဘိုင်းဖုန်းကဒ်ဝယ်ယူသူများပါ ခံစားရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။ ကျေးလက်နေပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းများကို အရစ်ကျ စနစ်ဖြင့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက စတင်ပြီး တပ်ဆင်ပေးရာတွင် အိမ်ခြေပေါင်း ၂ သန်းကျော်ခန့်နှင့် လူဦးရေပေါင်း ၁၁ သန်းကျော် အထိ လွှမ်းခြုံကာ ဒီဇင်ဘာလဆန်း အထိ ကျေးရွာပေါင်း ၅၀၀၀ ကျော် မှ ပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းပေါင်း လေးသိန်း ငါးသောင်းခန့် ကို တပ်ဆင်ပေး ခဲ့ပြီးဖြစ်သည်။ http://myitmakhamediagroup.com/detail.php?newid=3530

SHARE THIS
Previous Post
Next Post