စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးအချို့ပြောင်းလဲ

ရန်ကုန်၊ ဒီဇင်ဘာ - ၁ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းတွင် ၀န်ကြီးအချို့ကို အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးအစိုးရအဖွဲ့၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီးဦးစိန်ဝင်းသည် ကျန်းမာရေးအားနည်းမှုကြောင့် ရာထူးမှ နုတ်ထွက်ခွင့်ပြုပါရန် တင်ပြလာသည်ကို ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၀န်ကြီးဌာနနှစ်နေရာစာအတွက် ၀န်ကြီးများအဖြစ် ဦးစောမြင့်ဦးကို စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာနတွင် ၀န်ကြီးအဖြစ်လည်းကောင်း၊ ဦးတင်ဝင်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတွင် ၀န်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်လိုက်ကြောင်းလည်း နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

SHARE THIS
Previous Post
Next Post