အင်တာနက်ပေါ်တင်ဖို့ ပိုက်ဆံပုံ ကိုင်ပြီး ဓာတ်ပုံရိုက်တဲ့ ချစ်သူကြောင့် အဖမ်းခံရတဲ့ မူးယစ်ဆေး ခေါင်းဆောင်

ပိုက်ဆံပုံကြီးကို ကိုင်ပြီး ဓာတ်ပုံရိုက် ကြွား ချင်တဲ့ ချစ်သူမိန်းကလေးကြောင့် မူး ယစ်ဆေးဝါး အရောင်း အ၀ယ်လုပ်တဲ့ မူးယစ်ခေါင်းဆောင်ကြီး အဖမ်းခံရကြောင်း သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။ အသက် ၂၀ ၀န်းကျင်ရှိ ဖူ လို့ခေါ်တဲ့ မိန်းကလေးဟာ တရုတ်နိုင်ငံ၊ Zhenjiang မြို့က နိုက်ကလပ်တစ်ခု အလုပ် လုပ်ပြီး မူးယစ်ဆေးဝါးမှုနဲ့ ရဲ အဖမ်းခံခဲ့ရပါသတဲ့။ သူမကို ဖမ်းပြီး သူမရဲ့ ဖုံးကို စစ်ကြည့်လိုက် တဲ့ အခါ မှာတော့ သူမရဲ့ ဖုန်းထဲမှာ ပိုက်ဆံပုံကြီးနဲ့ ရိုက်ထားသော ဓာတ်ပုံများကို တွေ့လိုက်ရ ပါတယ်။ အဆိုပါ ဓာတ်ပုံများကို သူမဟာ အင်တာနက်ပေးတွင်လည်း တင်ထားခဲ့ပြီး ဒီပုံတွေကို သူမက သူငယ်ချင်း များကို ပြချင်လို့ ရိုက်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ မသင်္ကာစရာ ငွေကြေးများကြောင့် တရုတ်ရဲများဟာ အဆိုပါ ငွေများ၏ အရင်းအမြစ်အား လျှို့ဝှက် စုံစမ်း ရာမှ ထိုငွေများဟာ သူမရဲ့ ချစ်သူ ချန် လို့ အမည်ရတဲ့ မူးယစ်ဆေးကုန်သည် တစ်ဥိးရဲ့ ငွေတွေ ဖြစ်ကြော င်း သိခဲ့ပါတယ်။ နောက်ပိုင်းတွင် ရဲများမှ ချန်ဟာ Fujian နဲ့ Jiangsu နယ်များမှာ လှုပ်ရှားနေတဲ့ မူးယစ်ေ ဆး ၀ါး အဖွဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း သိခဲ့ပါတယ်။ သက်သေ အထောက်အထားများ ရှာဖွေပြီး နောက်မှာတော့ ရဲများဟာ မူးယစ်ဆေးဝါးများနဲ့ ချောင်ကို လက်ရ ဖမ်းဆီးမိပါတော့တယ်။

SHARE THIS
Previous Post
Next Post