သမ္မတရုံးက ငြင်းနိုင်ရင် ထပ်မံငြင်းပေးပါ


ဇန်နာ၀၇ီလ ၆ ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်
အခု လိုင်ဇာ မြို့ထဲသို ဟောင်ဝေဇာ အမြောက်နဲ့ လှမ်းပစ်နေပါပြီ လိုင်ဇာမှာ အရပ်သားတွေ အများကြီး ရှိနေကြပါတယ် အခုအရပ်သားတွေကတော့ လိုင်ဇာ ကို တိုက်ရိုက် အခုလိုလက်နက်ကြီးတွေနဲ့ ပစ်သွင်းမယ်လို့ မထင်ထားတဲ့အတွက် ပြင်ဆင်မှု အားနည်းနေပါတယ်။
အခုဆို ကေအိုင်အေ စစ်သားဆိုလို့ လိုင်ဇာထဲမှာ မရှိပါဘူး လိုင်ဇာနဲ့ ၃ ဖာလုံအကွာမှာ အားလုံး အဆင့်ဆင့် ခံစစ်အတွက် နေရာယူထားကြပါတယ် ကျနော်တို့ အခု လိုင်ဇာ မြို့သူတဦးအား မေးကြည့်ရာ "လိုင်ဇာကို အခုလို လက်နက်ကြီးများနဲ့ ပစ်သွင်းတာကတော့ လူမဆန်ဘူးလို့ ပြောပါတယ်။ ကျမတို့က ဘယ်သူ့ အောက်မှာ မဆို ကိုယ့်ထမင်းကိုယ်စားပြီး နေ နေကြရတာပါ။"
"အခုလိုလုပ်တာကတော့ ကျမတို့ အတော်ကြီး ခံပြင်းတယ်" ဟု ပြောဆိုပါသည်။ လွန်ခဲ့သော ၂ရက်အကြာ သိမ်းခဲ့သော ပွိုင့် ၇၇၁ ကုန်းပေါ်ကနေ တလက်စပ် ပစ်နေပါတယ်။ပြီးတော့ ဟန်ကိုင်ကလည် အခု ထပ်မံပစ်ခတ်နေပါတယ်။ အခု ထပ်မံ ချေမှုန်းရေး လုပ်လာပုံက မြန်မာစစ်တပ်မှ အရပ်သားများ နေထိုင်နေသော နေရာများကို ပစ်ခတ်လာသည်ဟု သိရသည်။
နေပြည်တော် သမ္မတရုံးက ငြင်းနိုင်ရင် ထပ်မံငြင်းပေးပါ။
(ဂိုရှယ်လေး)

SHARE THIS
Previous Post
Next Post